အာရုဏ်ဦးရဲ့ရောင်နီ
......................
အပိုင်း(၃)
.........................
ရောင်နီလင်း
"မင်းကနှိုးနေတာမှမထတာ...အခုနိုးသွားပြီမလား...ထတော့ လမ်းလျှောက်မယ်"
အစကတော့တောင်းပန်မလို့ပေမဲ့ သူနောက်ပိုင်းဆိုးလာမှာစိုးတာမို့ ဒီအတိုင်းပဲထားလိုက်တော့သည်။ သူနဲ့ရင်းနှီးသွားလို့မဖြစ်ပါဘူးလေ။
မျက်နှာလေးညှိုးပြီးထသွားတာမြင်တော့ စိတ်ထဲမှာမကောင်း။ ဒါပေမဲ့လဲမတတ်နိုင်ပါ။ ကျွန်တော်မျက်နှာသစ်မလို့ဆင်းသွားတော့သူလဲမျက်နှာသစ်နေတာတွေ့ရသည်။
"ငါကအင်္ကျီလဲပြီးပြီ...အောက်ကပဲစောင့်နေမယ်"
ကျွန်တော်က အားကစားဝတ်စုံလဲဝတ်ပြီးမှဆင်းခဲ့တာဖြစ်သည်။ တစ်ခါထဲအဆင်ပြေအောင်လို့ပါ။
"မလဲတော့ဘူး။ဒီတိုင်းပဲလိုက်မယ်"
မနက်ခင်းကအေးနေမှာမို့လို့သူ့ကိုပြောနေရတာဖြစ်သည်။ အဲ့ဒါကိုညဝတ်အင်္ကျီနဲ့ဒီတိုင်းလိုက်မယ်တဲ့။ တော်တော်ဂျစ်တဲ့ဟာလေး။နေပါစေ ခေါ်သွားလိုက်ဦးမယ်။
"ပြီးရော...သွားမယ်"
ကျွန်တော်ရှေ့ကနေထွက်လာတော့ သူလဲအနောက်ကနေ လိုက်လာခဲ့လေသည်။
မနက်ခင်း လမ်းလျှောက်တာမို့ ကျွန်တော်ခပ်သွက်သွက်လျှောက်ပေမဲ့ သူကတော့စိတ်မပါလက်မပါ။ ခပ်လှမ်းလှမ်းမှာကျန်ခဲ့တာမို့ရပ်စောင့်နေရသေးသည်။
"မြန်မြန်လျှောက်လေကွာ"
.....................................
အာရုဏ်ဦး
သူ့ဘာသာသူမနက်ခင်းလမ်းလျှောက်တာ လူကိုပါသက်သက်မဲ့နှိပ်စက်တယ်။အိမ်မှာဆိုဒီအချိန်ဘယ်တော့မှထတာမဟုတ်။ သူ့ကိုပြန်ပြောရင်လဲအအော်ခံရဦးမှာမို့မလိုက်ချင်ပဲလိုက်ခဲ့ရသည်။
သူကတော့ ရှိုးအပြည့်နဲ့ အားကစားဝတ်စုံကိုဝတ်ထားပုံက စတိုင်လ်ကျသလိုလိုတော့ရှိစသား။ဒါပေမဲ့ မနက်ကလူကိုရေနဲ့ပက်ပြီးနှိုးထားတာမို့ သူ့ကိုသိပ်မကြည်ပါ။ အဲ့ဒါကြောင့်စကားမပြောချင်တာ။
![](https://img.wattpad.com/cover/182203776-288-k250064.jpg)