💝M1💝

34.5K 896 58
                                    

****Zaw&Uni***
****Zaw&Uni***

*****Zawgyi******
တိတ်ဆိတ်နေတဲ့အခန်းလေးထဲဝယ် ဖြာကျလာတဲ့နေရောင်ခြည်နွေးနွေးနဲ့အတူ ထူးပန် မျက်တောင်ရှည်တို့ အနည်းငယ်လှုပ်ခတ်လာသည်။သူမျက်ဝန်းတွေကို ဖွင့်ဟလိုက်တော့ မိမိမျက်နှာနဲ့ နီးကပ်စွာရှိနေသည့် သိပ်ကိုချစ်ဖို့ကောင်းလွန်းသည့် နုနုနယ်နယ် မောင့်မျက်နှာလေးကနေခြည်နွေးနွေးနဲ့အပြိုင် နွေးထွေးတင့်တယ်စွာ။
ထိုချစ်ရသူ့ရွှေမျက်နှာတော်လေးအားမော်ဖူးလို့ ဝမှ နံနက်ခင်းအစအဖြစ် မင်္ဂလာကျတ်သရေယူကာ ဖောင်းအိနေတဲ့ ပါးလေးကို မွှေးကြူ၍ ရှိုက်နမ်းတော့ အနည်းငယ် လူးလွန့်လာတဲ့ ကျွန်တော့်ချစ်သည်းသက်ညှာ...

သူပြုံးရင်း ထိုပါးအိအိလေးတွေကိုပဲ ထပ်ပြီးဖိကာ နမ်းရှိုက်တော့ သူ့လည်တိုင်ကို ဆွဲဖက်ရင်း ရင်ခွင်ထဲ ဇွတ်တိုးဝင်နေသော စိုင်း။ထူးပန် ဘေးမှ နာရီလေးကို လှမ်းကြည့်တော့ မနက် ၇နာရီထိုးနေပြီ။ဒါဆို ဒီအချိန်ထမှသာ စိုင်းကျောင်းသွားဖို့၊သူရုံးသွားဖို့ အချိန်ရပေမည်။ဒါကြောင့် မနှိုးချင်သေးသော်လည်း မနှိုးလို့ကလည်း မဖြစ်သည်မို့.....

"မောင်......
ထတော့....၇နာရီထိုးနေပြီ
ဒီနေ့ ကျောင်းပြန်စတက်ရမဲ့နေလေ
နောက်ကျနေရင်မကောင်းဘူး ထတော့နော်"

"ဟင်အင်.....မထချင်သေးဘူးကိုကို
၁၅ မိနစ်လောက်ထပ်ပေးအိပ်ပါ"

"အာ....မရဘူး ထကွာမောင်ရာ
လိမ်မာရဲ့သားနဲ့ မောင်ကနော်
လိမ်မာပါတယ်ဆို ကလေးက"ထိုအခါမှ ဖျတ်ခနဲ ပွင့်လာတဲ့ မျက်လုံးဝိုင်းလေးတွေက အလိုမကျဟန်အပြည့်။သူ မောင့်နှုတ်ခမ်းပါးလေးကို ရွှတ်ခနဲ ငုံ့နမ်းရင်း ထထိုင်ကာ ဘေးကအကောင်ပေါက်လေးကိုပါ တစ်ခါထဲဆွဲထူထရသည်။

နောက် ရေချိုးခန်းထဲထိ ဇွတ်တွန်းပို့ရကာ အစစရာရာ အကုန်လုပ်ပေးမှ နှုတ်ခမ်းတစ်ချက်ဆူ၊မျက်စောင်းတစ်ချက် ထိုးရင်း မျက်နှာကောင်းကောင်းသစ်ရှာသည်။နောက် ကိုယ်စီ ပြင်ဆင်ပြီးသွားချိန်မှာတော့ ၈နာရီပင် ကျော်ချေပြီ။ဒီတော့ စိုင်းလွယ်အိတ်နဲ့ သူ့လက်ဆွဲအိတ်ကိုပါ တစ်ခါထဲဆွဲယူရင်း ခုထိ မှန်ရှေ့က မခွာသေးသော စိုင်းလက်ကိုပါ ဆွဲကာ အောက်ထပ်အမြန်ဆင်း မနက်စာစားရသည်။

မောင့်ကိုချစ်သောကို💝 မောင့်ကိုချစ်သောကို(Married Life)(Complete)Where stories live. Discover now