part - 2 U + Z

8.4K 613 4
                                    

Unicode

My Ugly Girl

( အပိုင်း -၂)

"သမီးလေး ဒါ သမီးရဲ့ မေမေ ဒေါ်ဥမ္မာနွယ် တဲ့ "

"ဟင် သမီးရဲ့ မေမေက ဒီအန်တီမှ မဟုတ်တာပဲ ဖေဖေကလည်း ။ ဖေဖေ ပြောတော့ မေမေက ကောင်းကင်ပေါ်မှာဆို "

ရှင်းသန့်က ကလေးပီပီ စိတ်ထဲရှိသည့်အတိုင်း ပြန်ပြောမိသည် ။

"အင်​း ​ ဟုတ်တယ်လေ သမီးရဲ့ ။ သမီးတစ်ယောက်တည်း မဖြစ်အောင် ဖေဖေက ခေါ်လာပေးတာလေ ။ ခုကစပြီး ဒါ သမီးရဲ့ မေမေပဲ ။ ဒါကတော့ သမီးရဲ့ မမ နွယ်နီ တဲ့ "

မေမေဆိုသော အန်တီကို ကြည့်လိုက် ၊ မမ နွယ်နီကို ကြည့်လိုက်နှင့် ရှင်းသန့် မှိုင်တွေတွေ ဖြစ်သွားရသည် ။

"သမီး နှုတ်ဆက်လိုက်လေ ။ သူတို့က သမီးလေး အဖော်ရအောင် ရောက်လာတာ ။ လိမ္မာယဥ်ကျေးတဲ့ ကလေးဆိုရင် ကောင်းကောင်းမွန်မွန် ဆက်ဆံရမယ်နော် "

ဖေဖေ့စကားအဆုံး ရှင်းသန့်ခေါင်းညိတ်ပြီး ပြုံးပြလိုက်သည် ။ ရှင်းသန့်အတွက် ဖေဖေ ခေါ်လာပေးသော မေမေနှင့် မမနွယ်နီကို ကောင်းကောင်းမွန်မွန် ဆက်ဆံရန် ထိုအချိန်မှစ၍ ဆုံးဖြတ်ခဲ့သည် ။

***************

ရှင်းသန်​့ အိပ်ယာထက်မှာ လဲလျောင်းရင်း အတိတ်က အကြောင်းတွေ ပြန်တွေးနေမိသည် ။

ရှင်းသန့်၏ ဝတ်စုံ ညစ်ပတ်ကုန်တာကြောင့် ပါတီမှ စောစောပြန်ခဲ့ရတော့သည် ။ မေမေနှင့် မမနွယ်၏ မျက်နှာက သိပ်မကောင်းလှတာကြောင့် ရှင်းသန့် အားနာမိသည် ။

ပါတီပွဲမှာတုန်းက စစ်မင်းနှင့် အကြည့်ချင်းဆုံခဲ့တာကို ပြန်တွေးမိ​ပြန်တော့ စိတ်ထဲ မတင်မကျဖြစ်မိသည် ။

သူ့အကြည့်တွေက စူးရှပြီး အေးစက်လှသည် ။ စိတ်ထဲ ဘာတွေးနေသည်ကိုပင် ခန့်မှန်းရ ခက်ခဲသည် ။ ဖေဖေ ပြန်ခါနီး နှုတ်ဆက်တော့မှ စစ်မင်းသည် သူဌေးကြီး ဦးမိုးမြင့်၏ တစ်ဦးတည်းသော သားမှန်း သိလိုက်ရသည် ။ သူ့ ပါတီပွဲမှာမှ အရှက်တကွဲ ဖြစ်ရသလားဟု တွေးမိတော့ ရှင်းသန့် သက်ပြင်းရှိုက်မိသည် ။ ထို့နောက် အတွေးတွေကို ရပ်ပြီး အိပ်ဖို့ ပြင်တော့သည် ။

My Ugly Girl ( Completed) Where stories live. Discover now