part - 7 U+Z

7.1K 528 9
                                    

Unicode

My Ugly Girl

( အပိုင်း - ၇ )

ရှင်းသန့်သည် ကိုသက်ပိုင်ကို ရှောင်နေခဲ့တာ ရက်အနည်းငယ်ကြာခဲ့ပြီဖြစ်သည် ။ ကိုသက်ပိုင်ကို အားနာမိပေမယ့် မမနွယ် အထင်လွဲနေမှာကို ရှင်းသန့် မလိုလားပေ ။

ကိုသက်ပိုင်ကို ကျောင်းဝန်းထဲမှာ တွေ့လျင် နီးစပ်ရာ အကာအကွယ်တစ်ခုနောက် ပြေးဝင်သည် ။ အဆောင်ရှေ့​လာလျင်လည်း အနောက်တံခါးပေါက်က ထွက်ပြေးသည် ။ အခန်းရှေ့လာရင်လည်း စားပွဲအောက်သို့ ထိုင်ချသည် ။ ရှင်းသန့်၏ အဖြစ်က ရူးကြောင်ကြောင်နိုင်လှသည် ။ အကြွေးရှင်ကို ကြောက်လို့ ရှောင်ပုန်းနေသူနှင့်ပင် ဆင်တူနေသည် ။

ဘယ်လိုပဲ ရှောင်ပုန်းနေခဲ့ပါစေ ။ တစ်ကျောင်းတည်းအတူ တက်နေသူတွေမို့ နောက်ဆုံးမှာ မျက်နှာချင်းဆိုင် တွေ့တော့သည် ။ ရှင်းသန့် မြင်မြင်ချင်း မျက်နှာလွှဲပြီး ထွက်သွားဖို့ပြင်သည် ။

"ရှင်းသန့် ခဏနေပါဦး "

ကိုသက်ပိုင်က ရှင်းသန့်၏ အရှေ့ကနေ ပိတ်ရပ်ပြီး တားသည် ။ ရှင်းသန့် ရှောင်လို့ မရတော့တာကြောင့် သက်ပြင်းရှိုက်မိသည် ။

"ကျွန်တော်တို့ စကားပြောရအောင် "

စကားပြောမည်ဟု အကြောင်းပြကာ သူက ကန်တင်းသို့ ရှင်းသန့်ကို ခေါ်လာသည် ။ ဆိုင်မှာ ဝင်ထိုင်ပြီး မုန့်နှင့် ဖျော်ရည်တို့ မှာပေးသည် ။

"ကိုသက်ပိုင် ဘာပြောမလို့လဲ "

"အရင်စားပါ ။ ဗိုက်ဆာနေပြီ မဟုတ်လား "

ကိုသက်ပိုင်က ပြောရင်း စားစရာတွေကို ရှင်းသန့်၏ အရှေ့သို့ တိုးပေးသည် ။ နေ့လည်စာစားချိန်ဖြစ်ပြီး ရှင်းသန့်လည်း ဗိုက်ဆာနေပြီမို့ ငြင်းဆန်မနေတော့ ။

"သက်ပိုင် "

ခေါ်သံကြား၍ ရှင်းသန့်နှင့် ကိုသက်ပိုင် စားနေရာမှ မော့ကြည့်မိသည် ။ မမနွယ်က ရှင်းသန့်တို့၏ စားပွဲဝိုင်းမှ ခုံကိုဆွဲကာ ကိုသက်ပိုင်၏ ဘေးနား ဝင်ထိုင်သည် ။

"နွယ် "

"သက်ပိုင်ကို လှမ်းမြင်လိုက်လို့ နွယ် ဝင်လာတာ ။ ရှင်းသန့်ပါ ရှိနေတာကိုး "

My Ugly Girl ( Completed) Where stories live. Discover now