part - 12 U+Z

6.7K 504 7
                                    

Unicode

My Ugly Girl

( အပိုင်း - ၁၂ )

စစ်မင်း၏ စကားကြောင့် ရှင်းသန့်သည် အချိန်အတော်ကြာ တိတ်ဆိတ်သွားရသည် ။ မမျှော်လင့်ခဲ့ဘူး ။ စစ်မင်းလို လူမျိုးက ရှင်းသန့်ကို ချစ်လိမ့်မည်ဟု ။ တကယ်ကို မမျှော်လင့်ခဲ့တာပါ ။

"ဘာလို့လဲ ။ ဘာလို့ ရှင်းသန့်ကို ချစ်တာလဲ "

ရှင်းသန့် မယုံကြည်နိုင်သလို မေးမိသည် ။

"ဒီတိုင်းပဲ ။ အကြောင်းပြချက်မရှိဘူး ရှင်းသန့် ။ ဘယ်တုန်းက စခဲ့မှန်း မမှတ်မိပေမယ့် ကိုယ် ရှင်းသန့်ကို ချစ်တယ် "

ရှင်းသန့် ခေါင်းကို ခါလိုက်သည် ။ စစ်မင်းလို လူတစ်ယောက်က ရှင်းသန့်ကို ချစ်တယ်ဆိုတာ ယုံနိုင်စရာမရှိ ။

"ဘာလို့လဲ ။ စစ်မင်းရဲ့ အနားမှာ အရမ်းချော ၊ အရမ်းလှတဲ့ မိန်းကလေးတွေ အများကြီး ရှိတယ်လေ ။ ဘာလို့ ရှင်းသန့်လို ရုပ်ဆိုးမကိုမှ ရွေးချစ်ရတာလဲ "

ရှင်းသန့် ဝမ်းနည်းအားငယ်သလို ပြောမိသည် ။ ကိုယ်တိုင်က ကိုယ့်ရုပ်ရည်ကို လက်ခံနိုင်ပေမယ့် လူတွေ၏ စကားသံတွေကြောင့် စိတ်ပျက်အားငယ်မှုတော့ ရှိစမြဲပင် ။
စစ်မင်းက ရှင်းသန့်၏ လက်လေးနှစ်ဖက်ကို ဆွဲယူကာ ဆုပ်ကိုင်ပြီး ပြောသည် ။

"ရှင်းသန့်က ကိုယ့်မျက်လုံးထဲမှာတော့ အရမ်းချစ်စရာကောင်းတယ် "

ရှင်းသန့်သည် စစ်မင်း၏ စကားကြောင့် ပြုံးမိသွားပြန်သည် ။

" ဒါဆို စစ်မင်း မျက်မှန်တပ်မှ ဖြစ်တော့မယ် "

"အခု ကိုယ် ရှင်းသန့်ကို ရှင်းရှင်းလင်းလင်း မြင်နေရတာပဲလေ ။ ရှင်းသန့်ကို ခုချိန်ကစပြီး ပျော်ပျော်နေစေချင်တယ် ။ ဘာမဟုတ်တဲ့ ကိစ္စတွေ တွေးပြီး စိတ်မညစ်စေချင်ဘူး "

"ရှင်းသန့် ကြိုးစားပါ့မယ် "

"ဒါဆို ကိုယ့် ဖွင့်ပြောတာကိုရော...."

စစ်မင်းက ထပ်ပြောလာတော့ ရှင်းသန့် ခေါင်းငုံ့သွားရသည် ။ စစ်မင်းကို စတွေ့တည်းက စိတ်ဝင်စားခဲ့မိသည် ။ သို့သော် အားလုံးပြည့်စုံသည့်သူ့ကို စိတ်ဝင်စားရုံနှင့်သာ ခံစားချက်တွေ အလိုအလျောက် ရပ်တန့်ခဲ့သည် ။ ကိုသက်ပိုင်ကို တွေ့တော့ သူ၏ ကြင်နာသနားတတ်သည့် စိတ် ရှိပြီး ၊ ရှင်းသန့်ကိုလည်း သူငယ်ချင်းတစ်ယောက်လို ဆက်ဆံပေးသည် ။ ဒါကြောင့် ရှင်းသန့် စိတ်ယိမ်းယိုင်သွားရသည် ။ စစ်မင်းနှင့် ဟန်ဆောင်တွဲပြီး ကိုသက်ပိုင်အပေါ်ထားသည့် ခံစားချက်တွေ အဆုံးသတ်ဖို့ ပြင်ဆင်ခဲ့ပေမယ့် ခက်ခဲလှသည် ။ စစ်မင်းနှင့် ဟန်ဆောင်ချစ်သူတွေဆိုပေမယ့် ရှင်းသန့် လုပ်ရပ်ကြောင့် စိတ်ထဲ အားနာမိသည် ။ ထို့ကြောင့် အဆုံးသတ်ချင်သည် ။ သို့သော် ရှင်းသန့်ကို စစ်မင်းက ချစ်နေလိမ့်မည်ဟု မတွေးမိခဲ့ ။

My Ugly Girl ( Completed) Where stories live. Discover now