part - 13 U+Z

6.5K 466 8
                                    

Unicode

My Ugly Girl

( အပိုင်း - ၁၃ )

တောက်!

ကျောင်းအနောက်က အဆောင်ပျက်မှာ မိုးမမြင်လေမမြင် အနမ်းတွေ ဝေနေသော ချစ်သူနှစ်ဦးကို ကြည့်ရင်း ဆုမြတ်မှာ ဒေါသပင်လယ်ဝေနေရသည် ။ ဒေါသတကြီး တက်ခေါက်ရင်း ချောင်းကြည့်နေရာမှ ထွက်ခဲ့တော့သည် ။

ဟိုတစ်ခါ ဆုမြတ်နှင့် ရှင်းသန့် ပြသနာဖြစ်တုန်းက ရောက်လာသည့် သူ ။ သူက အခန်းရှေ့မှာ ရှင်းသန့်၏ လက်ကို ဆွဲပြီး ထွက်သွားသည် ။ ခဏအကြာ စစ်မင်းကပါ လိုက်သွားတာကြောင့် ဆုမြတ်သည် စစ်မင်း၏ နောက်မှ တိတ်တဆိတ် လိုက်ခဲ့သည် ။ စစ်မင်းနှင့် ထိုသူတို့ ပြသနာဖြစ်နေတာလည်း အကုန်မြင်သည် ။ ရှင်းသန့်လို ရုပ်ဆိုးမကြောင့် ရန်ဖြစ်နေတာကို မြင်ရတာ အော့နှလုံးနာလှသည် ။

ဆုမြတ် ကားရပ်ထားရာ အဆောင်ရှေ့သို့ ပြန်လာခဲ့သည် ။ အဆောင်ရှေ့မှာ မထင်မှတ်ထားသော သူတစ်ယောက်ကို တွေ့လိုက်ရသည် ။ သူကတော့ ရှင်းသန့်၏ အစ်မ နွယ်နီပင် ။

ဆုမြတ်ကို မြင်တော့ ပြုံးပြီး အနားသို့ ရောက်လာသည် ။

"ရှင်းသန့်တို့ အတန်းထဲကမဟုတ်လား "

ဆုမြတ် ခေါင်းညိတ်လိုက်သည် ။ နွယ်နီက အချောလှဖြစ်ပြီး ကျောင်းမှာ နာမည်ကြီးပင် ။ ဆုမြတ် မျက်မှန်းတန်းမိသလို ရှိသည့်အပြင် ဟိုရက်က ရှင်းသန့်ကို အတန်းမှာ လာရှာသေးသည် ။ အဲ့သည်အချိန်တုန်းက သူပဲ နွယ်နီ့ကို စကားပြောခဲ့တာဖြစ်သည် ။

"ဟုတ်တယ် မနွယ်နီ "

"ရှင်းသန့် အိမ်ပြန်သွားပြီလား "

"မပြန်သေးပါဘူး ။ ကျောင်းအနောက်ဘက်မှာ..."

ဆုမြတ်က ခုနတွေ့ခဲ့တာကို ပြန်တွေးမိပြီး မျက်နှာရှုံ့မဲ့သွားသည် ။

"သူက ဘာလုပ်နေတာလဲ "

"သူ့ရည်းစားနဲ့ ကြည်နူးနေတာလေ "

ဆုမြတ် စကားဆုံးတော့ နွယ်နီက မျက်ခုံးတွန့်သွားသည် ။ ဆုမြတ် သိရသလောက် နွယ်နီ နှင့် ရှင်းသန့်က ညီမအရင်းမဟုတ် ၊ ထို့ပြင် မြင်တွေ့ရသလောက် ဆက်ဆံရေးက သိပ်မကောင်း ။ စစ်မင်းကြောင့် ဆုမြတ်က ရှင်းသန့်ကို ဘာမှ မလုပ်နိုင်ပေမယ့် နွယ်နီကတော့ လုပ်နိုင်သည် ။ ထို့ကြောင့် နွယ်နီ့ကို အသုံးချပြီး ရှင်းသန့်ကို စစ်မင်း၏ အနားက ပထုတ်လို့ရနိုင်တာပဲ မဟုတ်လား ။

My Ugly Girl ( Completed) Where stories live. Discover now