part - 3 U+Z

7.6K 591 13
                                    

Unicode

My Ugly Girl

( အပိုင်း -၃ )

"ရှင်းသန့် "

"ရှင် "

ရှင်းသန့် အတန်းထဲ မဝင်ခင် ခေါ်သံကြား၍ လှည့်ကြည့်တော့ ကိုသက်ပိုင် ဖြစ်နေသည် ။

"ကိုသက်ပိုင်ပါလား ။ ဘာကိစ္စရှိလို့လဲဟင် "

"ကွျန်တော် ရှင်းသန့်ကိုတွေ့လို့ လိုက်လာတာ ။ အကြောင်းအရင်းကတော့ ကျေးဇူးတင်စကားပြောချင်လို့ပါ "

ကိုသက်ပိုင်၏ စကားကြောင့် ရှင်းသန့် ပြုံးမိသွားသည် ။

"ရပါတယ်ရှင် ၊ ရှင်းသန့်အတွက် ဘာမှအပန်းကြီးတာမှ မဟုတ်တာ "

"ဘာပဲဖြစ်ဖြစ်ပါ ၊ ရှင်းသန့်ကြောင့် ကျွန်တော် နွယ်နဲ့ ရင်းနှီးခွင့်ရတာလေ ။ ဒီတော့ ရှင်းသန့်ကို ကျေးဇူးတင်တယ် ။ ရှင်းသန့် အကူအညီလိုရင်လည်း ပြော ။ ကျွန်တော် ကူညီမှာပါ "

"ဟုတ် ရပါတယ် ကိုသက်ပိုင် "

"ဒါဆို ကျွန်တော် သွားတော့မယ် ။ နောက်တစ်ခါ တွေ့ရင် မုန့်လိုက်ကျွေးပါ့မယ် "

"ဟုတ်ကဲ့ "

ကိုသက်ပိုင် ထွက်သွားတော့မှ ရှင်းသန့် အတန်းထဲ ဝင်လာခဲ့သည် ။ အားလုံး၏ အကြည့်က ရှင်းသန့်ဆီ ရောက်နေကြသည် ။ ဟုတ်ပါတယ်လေ ကိုသက်ပိုင်လို ရုပ်ချောသည့် သူရယ် ၊ ရှင်းသန့်လို ရုပ်ဆိုးမရယ် တွဲတွေ့တော့ သူတို့ ဝေဖန်ကြမှာပဲလေ ။

ရှင်းသန့်သည် မိမိအတန်းမှာ ဝင်ထိုင်လိုက်ရင်း အရှေ့ကို ကြည့်မိသည် ။ ယခုမှ မိမိကို စိုက်ကြည့်နေသော စစ်မင်း၏ မျက်ဝန်းတစ်စုံနှင်​့ တိုးသည် ။ ဘာလို့ အဲ့သည် အကြည့်တွေပဲလဲ ။ လူကို အနေခက်စေသော အကြည့် ။ ရှင်းသန့်သည် သူ့ အကြည့်နှင့် ဆုံလိုက်တိုင်း စိတ်အနှောင့်အယှက် ဖြစ်ရသည် ။

*************

"ဘာတွေ ကြည့်နေတာလဲ စစ်မင်း "

ဆုမြတ်မေးတော့ စစ်မင်း ခေါင်းခါလိုက်ရင်း အရှေ့ကို မျက်နှာ ပြန်လှည့်သည် ။

"ဘာမှ မဟုတ်ဘူး "

စစ်မင်းက ဘာမှ မဟုတ်ဘူးလို့ ဖြေလိုက်ပေမယ့် ဆုမြတ်ကတော့ စစ်မင်း ကြည့်နေခဲ့သောသူကို စိုက်ကြည့်ပြီး ခပ်လှောင်လှောင် ပြုံးလိုက်သည် ။

My Ugly Girl ( Completed) Where stories live. Discover now