part - 19 U+Z

6.8K 438 1
                                    

Unicode

My Ugly Girl

( အပိုင်း - ၁၉ )

"ဒါ ဘာသဘောလဲ စစ်မင်း "

ဦးမိုးမြင့်သည် စာကြည့်ခန်းထဲက ထိုင်ခုံမှာ ထိုင်ပြီး အေးစက်စက်လေသံနှင့် မေးသည် ။

"ကျွန်တော်.. ရှင်းသန့်နဲ့ မကြာခင် လက်ထပ်တော့မယ် ။ ဒယ်ဒီ့ကို မိတ်ဆက်ပေးဖို့ ခေါ်လာခဲ့တာ "

"ငါ သဘောမတူဘူးဆိုရင်ရော "

ဦးမိုးမြင့်က မျက်မှောင်ကြုတ်ပြီး ထပ်မေးသည် ။ စစ်မင်းကလည်း တည်တည်ငြိမ်ငြိမ်နှင့် ပြန်ဖြေသည် ။

"ကျွန်တော်ကတော့ ရှေ့ဆက်မှာပဲ ဒယ်ဒီ "

"မင်း သေချာစဉ်းစားပြီလား စစ်မင်း ။ ငါက မင်းအတွက် အများကြီး မျှော်လင့်ထားတာ ။ ငါ့ ချွေးမဖြစ်မယ့် မိန်းကလေးကိုလည်း အမြင့်ဆုံး မှန်းထားတာ ။ မင်း အခုခေါ်လာတဲ့ မိန်းကလေးက ရုပ်ရည်ရော ၊ အရည်အချင်းရော ၊ ပစ္စည်းဥစ္စာရော သာမန်ပဲ ။ ဘာမှ မထူးခြားဘူး ။ မင်း ဘဝတလျှောက်လုံး လက်တွဲသွားရမယ့်သူ နော် ။ မင်း သေချာပြန်စဉ်းစားသင့်တယ် "

"ဟုတ်ပါတယ် ။ ဒယ်ဒီ ပြောတာမှန်ပါတယ် ။ ဒါ ကျွန်တော့် ဘဝအတွက်ပါ ။ ဘာကြောင့် ကျွန်တော် ချစ်တဲ့ မိန်းကလေးကို စိတ်ကြိုက်ရွေးချယ်လို့ မရရမှာလဲ ။ ဘာကြောင့် ကျွန်တော့် ဘဝအတွက် ဒယ်ဒီက ပေတံတွေနဲ့ တိုင်းတာပြီး သတ်မှတ်နေရတာလဲ ။ ကျေးဇူးပြုပြီး ကျွန်တော့် ဘဝအတွက် ဆုံးဖြတ်ထားတဲ့ ပထမဆုံးသော ဆုံးဖြတ်ချက်ကို လက်ခံပေးပါ "

စစ်မင်း၏ စကားဆုံးတော့ ဦးမိုးမြင့်သည် တိတ်ဆိတ်သွားသည် ။ စစ်မင်းက မိန်းကလေးတစ်ယောက်နှင့် တွဲနေသည်ဟု သူ သတင်းကြားခဲ့သည် ။ တွဲနေသည့် မိန်းကလေး၏ ဓာတ်ပုံကို မြင်တော့ သူ အံ့သြသွားခဲ့ရသည် ။ သို့သော် လူငယ်သဘာဝ အသစ်အဆန်းကို တောင့်တသည်ဟုတွေးခဲ့သည် ။ အပျော်အပျက်ပါ ၊ မကြာခင် အဆုံးသတ်မှာပါဟုလည်း ထင်ခဲ့သည် ။ သို့သော် အိမ်ကိုပါခေါ်လာပြီး လက်ထပ်မည်ဆိုကာ ပြောလိမ့်မည်ဟု သူ မထင်ထားခဲ့ ။ အမြဲတမ်း အဖေ စကားနားထောင်ခဲ့သူမို့ အိမ်ထောင်ရေးကိုတော့ စိတ်ကြိုက်ရွေးချယ်ပါစေဆိုပြီး သူ တွေးထားခဲ့သည် ။ ထိုမိန်းကလေးကို မြင်တော့ အမှန်တိုင်းပြောရလျှင် သူ မနှစ်သက် ။ အားလုံးပြည့်စုံသည့် သူ့သားက သည်မိန်းကလေးထက် အစစအရာရာသာသည့် မိန်းကလေးနှင့်မှ ပိုထိုက်တန်သည် ။

My Ugly Girl ( Completed) Where stories live. Discover now