part - 16 U+Z

6.2K 437 0
                                    

Unicode

My Ugly Girl

( အပိုင်း - ၁၆ )

စျေးခြင်းတောင်းကို လက်တစ်ဖက်နှင့် ကိုင်ပြီး မာန်ပါပါ လျှောက်နေသော ဒေါ်ဥမ္မာနွယ်၏ ခြေလှမ်းတို့ နှေးကွေးသွားသည် ။ သူ စျေးကို ဝင်လာသည်နှင့် လူတချို့၏ အကြည့်တွေက စုန်ချည်ဆန်ချည် ရောက်လာသည် ။ အချင်းချင်း တီးတိုးပြောနေကြတာတွေကိုလည်း သူ တွေ့နေရသည် ။

သူ ဘာကြောင့်မှန်း နားမလည်နိုင်ဖြစ်နေရင်း ကြက်သားသည် ဒေါ်ပု၏ ဆိုင်ကို ဝင်ရင်း ကြက်သား တစ်ပိသာဝယ်လိုက်သည် ။

"ဒေါ်ပု စျေးမှာ ဘာကိစ္စရှိလို့လဲ "

ဒေါ်ပုက ကြက်သားကို ချိန်ပြီး အိတ်နှင့် ထည့်ပေးသည် ။ ထို့နောက် ရှူတည်တည်ကြည့်ရင်း ပြောသည် ။

"ညည်း တကယ် မသိဘူးလား "

"ဘာကို သိရမှာလဲ ဒေါ်ပုရဲ့ "

"ကျုပ် ပြောရမှာ ရှက်တယ်အေ ။ ညည်း သိချင်ရင် ညည်း သမီးကိုသာ သွားမေးပါတော့အေ "

"ကျွန်မ သမီးနဲ့ ဘာဆိုင်လို့လဲ "

ဒေါ်ပုက မျက်နှာရှုံ့မဲ့ပြီး ခေါင်းခါသည် ။ ဒေါ်ဥမ္မာနွယ် စိတ်တိုတိုနှင့် ပိုက်ဆံရှင်းပြီး မြန်မြန်ထွက်ခဲ့သည် ။

"အန်တီ့သမီး နေကောင်းလား "

ဆိုက်ကားသမားဖိုးဝက ရယ်ကျဲကျဲနှင့် မေးလာတော့ ဒေါ်ဥမ္မာနွယ်၏ မျက်ခုံးတို့ တွန့်သွားသည် ။

"နင်က ဘာကိစ္စ ငါ့သမီးကို မေးနေရတာတုန်း "

"မဟုတ်ပါဘူးဗျာ ဟဲ...ဟဲ ။ အန်တီ့ သမီးက တော်တော်လှတယ်နော် "

ဖိုးဝ၏ စကားကြောင့် ဒေါ်ဥမ္မာနွယ့် ဒေါသတို့ မြင့်တက်လာရသည် ။

"နင့်လိုကောင်က ငါ့သမီးကို ချီးကျူးစရာမလိုဘူး "

စိတ်တိုတိုနှင့် ပြောပြီး လှည့်အထွက် ကြားလိုက်ရသော စကားတို့ကြောင့် ဒေါ်ဥမ္မာနွယ်၏ ခြေလှမ်းတို့ ရပ်တန့်သွားသည် ။

"ဒီမိန်းမကြီးက ကြီးကျယ်နေသေးတယ် ။ သူ့သမီးကဖြင့် အပျိုတောင် မဟုတ်တော့ဘူး "

My Ugly Girl ( Completed) Where stories live. Discover now