part - 11 U+Z

6.7K 519 7
                                    

Unicode

My Ugly Girl

( အပိုင်း - ၁၁ )

"ရှင်းသန့် ၊ ကျွန်တော် ရှင်းသန့်ကို ချစ်တယ် "

သူ့လေသံ ခပ်တိုးတိုးပေမယ့် ရှင်းသန့်၏ နှလုံးသားထဲမှာတော့ ကျယ်လောင်စွာ ပဲ့တင်သွားသည် ။ ရှင်းသန့် ခေါင်းကို ခါရမ်းပြီး လက်ကို ဆတ်ခနဲ ရုန်းလိုက်သည် ။

"ဘာလို့ ဒီလိုပြောရတာလဲ ကိုသက်ပိုင် "

"ခုလို ပြောမိတဲ့အတွက် ကိုယ် တောင်းပန်ပါတယ် ။ ကိုယ် ဒီထက်ပိုပြီး လျှို့ဝှက်မထားချင်တော့လို့ပါ ။ ကိုယ် ဘယ်လိုပဲ တွေးတွေး ရှင်းသန့်ကို ချစ်တယ် ။ ဘယ်လိုပဲ မေ့ဖို့ ကြိုးစား ကြိုးစား ပိုပိုပြီး သတိရတယ် ။ ကိုယ် ဘာလုပ်ရမလဲ "

"မေ့လိုက်ပါ "

ရှင်းသန့် ခပ်ပြတ်ပြတ်ပင် ပြောလိုက်သော်လည်း ရင်ထဲမှာ ဗ​ေလာင်ဆူနေသည် ။

"ဘယ်လိုမေ့ရမှာလဲ ရှင်းသန့်ရယ် ။ ကိုယ့်ကို အခွင့်အရေး မပေးတော့ဘူးလား "

"ဖြစ်မှ မဖြစ်နိုင်တာ ။ ကိုသက်ပိုင်က မမနွယ်ရဲ့ ချစ်သူလေ ။ ရှင်းသန့်တို့က ဘယ်လိုမှ မဖြစ်နိုင်ဘူး ။ ရှင်းသန့်ကို ပိုမုန်းစရာကောင်းတဲ့သူ ဖြစ်အောင် မလုပ်ပါနဲ့ ကိုသက်ပိုင် "

ရှင်းသန့် ကျောခိုင်း၍ ထွက်လာခဲ့သည် ။ တံခါးဖွင့်လိုက်သည့်အချိန် ကိုသက်ပိုင် ပြောသော စကားကြောင့် ရှင်းသန့်၏ ခြေလှမ်းတို့ ရပ်တန့်သွားသည် ။

"ရှင်းသန့် ဒီကို ရောက်လာတာ ကိုယ့်ကို စိတ်ပူလို့မဟုတ်လား ။ တကယ်ဆို ရှင်းသန့်လည်း ကိုယ့်ကို ချစ်နေတာပဲမဟုတ်လား "

ရှင်းသန့် နှုတ်ခမ်းကို ဖိကိုက်မိသည် ။ ထိုစဥ် မျက်ရည်က ပေါက်ခနဲ ကျလာသည် ။ သို့သော် ပြန်လှည့်မကြည့်ဖြစ် စိတ်ကို တင်းပြီး အခန်းထဲမှ ထွက်ခဲ့သည် ။ ဆေးရုံ၏ လှေကားထောင့်နားရောက်မှ ထိုင်ချရင်း ရှိုက်ငိုမိသည် ။

"ရှင်းသန့် ကိုသက်ပိုင်ကို ချစ်တယ်ဆိုလည်း ဘာလုပ်လို့ရမှာလဲ ။ ဒီမဖြစ်နိုင်တဲ့ ခံစားချက်က အဆုံးသတ်ရမှာပဲလေ "

My Ugly Girl ( Completed) Where stories live. Discover now