part - 8 U+Z

6.9K 545 18
                                    

Unicode

My Ugly Girl

( အပိုင်း - ၈ )

ဒေါ်ဥမ္မာနွယ် နှင့် မမနွယ်၏ အသံကြားမှ ရှင်းသန့် သတိဝင်လာသည် ။ သည်အနေအထားကို မြင်လျှင် ပြသနာအကြီးအကျယ် တက်သွားနိုင်သည် ။

"လွှတ် "

ရှင်းသန့်က ကိုသက်ပိုင်ကို တွန်းထုတ်ရင်း ရုန်းနေမိသည် ။ ခြေသံတွေက ပိုပြီးနီးလာလေ ရှင်းသန့် အထိတ်ထိတ်အလန့်လန့် ဖြစ်လာသည် ။

ကိုသက်ပိုင်ကို အားသုံးပြီး တွန်းချလိုက်သည် ။

ဘုန်း!

ရုတ်တရက်မို့ ကိုသက်ပိုင်က အငိုက်မိသွားပြီး ကြမ်းပြင်ပေါ်လဲကျသွားသည် ။ ရှင်းသန့်သည် မိမိလုပ်ရပ်ကြောင့် အားနာသွားရသည် ။ သို့သော် ကိုသက်ပိုင်ကို ဂရုမစိုက်အားဘဲ ထားရစ်ကာ အိမ်ပေါ်ထပ်သို့ ခြေသံမထွက်အောင် သတိထားပြီး ခပ်မြန်မြန်တက်လာခဲ့သည် ။

"ဟင် သက်ပိုင် ဒါ ဘယ်လိုဖြစ်တာလဲ "

နွယ့်အသံကြားမှ သက်ပိုင်က သတိဝင်လာသည် ။ နွယ်က ပြောရင်းဆိုရင်း သူ့ကို လာဆွဲထူသည် ။

"ဒါ ရှင်းသန့် လက်ချက်ပဲ နေရမယ် ။ ဒါနဲ့ ရှင်းသန့်ရော "

နွယ်က တစ်ခုခုကို တွေးတောမိဟန်နှင့် မေးလာသည် ။ သက်ပိုင်သည် ခုန နွယ်တို့အသံကြားတော့ ရှင်းသန့် ထိတ်လန့်နေတာကို ပြန်မြင်ယောင်လာသည် ။ သူ့ကို ရှင်းသန့်က တမင်ရှောင်ဖယ်နေခဲ့တာ နွယ့် ပယောဂကြောင့်လားဟု တွေးမိသည် ။

"ကိုယ် သတိမထားမိလို့ ။ ဝင်လာတဲ့ အချိန် ချော်လဲတာ "

"ဪ ဆောရီးပါ သက်ပိုင်ရယ် ။ ရှင်းသန့်က အဲ့ဒီလိုပဲ နမော်နမဲ့နဲ့ ။ ဧည့်သည်လာမှ တမင်တကာမ​ျား အရှက်ခွဲနေတာလား မသိပါဘူး "

နွယ့်၏ စကားကြားတော့ သက်ပိုင် မျက်လုံးပြူးသွားသည် ။

"ကိုယ် ဘာမှမဖြစ်ပါဘူး နွယ် "

"အင်းပါ ၊ လာ ဆိုဖာမှာထိုင် "

သက်ပိုင်ကို ခုံမှာ ထိုင်စေပြီး နွယ်က ရှင်းသန့်ကို အော်ခေါ်သည် ။

"ရှင်းသန့်....ရှင်းသန့်"

"ရှင် မမနွယ် "

My Ugly Girl ( Completed) Where stories live. Discover now