part - 4 U+Z

7.3K 557 23
                                    

Unicode

My Ugly Girl

( အပိုင်း  -၄ )

မင်း နောက်တစ်ခါ ငါ နဲ့ နွယ့်ကြားထဲ ဝင်ပြီး နှောင့်ယှက်ရင် မင်း ဒီထက် ပိုဆိုးပြီမှတ် ။ မင်း မိန်းကလေးပဲဖြစ်ဖြစ် ငါ ဂရုစိုက်နေမှာ မဟုတ်ဘူး

ခြိမ်းခြောက်သည့် သူ့၏ လေသံက ရှင်းသန့်ကို တုန်လှုပ်သွားစေသည် ။ ရှင်းသန့်သည် သူထင်သလို မဟုတ်ပါဘူးဟု ဖြေရှင်းချင်သော်လည်း ကြောက်လန့်တုန်လှုပ်စိတ်ကြောင့် စကားတစ်ခွန်းပင် မဟနိုင် ။ ကြောက်ရွံ့ထိတ်လန့်မှုကြောင့် တစ်ကိုယ်လုံး တုန်ယင်နေသည် ။ သူ ထွက်သွားတော့မှ တင်းထားသည့်စိတ်ကို လျော့ပြီး သက်ပြင်းချနိုင်သည် ။

အနားမှာ ရှိနေသော လူအုပ်ကတော့ ကြည့်မြဲ ၊ ကြည့်ဆဲ ။ အကူအညီ လိုလား မေးမည့်သူ မရှိသလို ၊ အကူအညီ ပေးချင်သည့် အကြည့်တစ်စုံပင် မရှိခဲ့ပါ ။ စူးစမ်းစိတ် ၊ လှောင်ပြောင်ချင်စိတ် ၊ အပြစ်တင် ၊ ဝေဖန်လိုစော စိတ် များနှင့် ပြည့်နေသော မျက်ဝန်းတွေကိုသာ ရှင်းသန့် တွေ့နေရသည် ။ ရှင်းသန့် နှုတ်ခမ်းကို ဖိကိုက်ရင်း မျက်ရည်က ထိန်းထားသည်​့ကြားက စီးကျလာသည် ။ ထို့နောက် ထိုပတ်ဝန်းကျင်မှ ထွက်လာခဲ့တော့သည် ။

"ရှင်းသန့်ဆိုတာ ကိုယ့်ကို လာပြီး ထိပါးစော်ကားတာတောင်မှ ပြန်ပြီး မတုံ့ပြန်နိုင်တဲ့ အသုံးမကျတဲ့ မိန်းကလေးတစ်ယောက်ပါ " သည်လိုတွေးမိတော့ မျက်ရည်တွေက ပါးပြင်ပေါ် တာကျိုးသလို စီးကျလာတော့သည် ။

***************

ဖြစ်စဥ်အစဆုံးကို နွယ်နှင့် သက်ပိုင် တွေ့လိုက်ရသည် ။ နွယ့်ကို အိမ်ပြန်ပို့ဖို့ ကားမောင်းနေရင်း ရှင်းသန့်ကို ကားမှတ်တိုင်မှာ ဖြတ်ခနဲတွေ့လိုက်သည် ။ နွယ်နှင့်အတူ ခေါ်သွားဖို့ ကြံတုန်း ယောကျာ်းတစ်ယောက် ရောက်လာကာ ရှင်းသန့်၏ ပါးကို ရိုက်လိုက်တာ တွေ့လိုက်ရတော့ ကားကို ဘေးကပ်ပြီး ချက်ချင်း ရပ်လိုက်သည် ။ ဘာတွေ ဖြစ်နေခဲ့မှန်းမသိပေမယ့် ရှင်းသန့်ကို ထိုယောကျာ်းက ပါးရိုက်လိုက်ချိန် သက်ပိုင် ဒေါသထွက်ကာ  ကားထဲမှ ထွက်ဖို့ပြင်သည် ။ သို့သော် နွယ်က လက်ကို ဆွဲကာ တားလိုက်ခြင်းကြောင့် မသွားဖြစ်ခဲ့ ။

My Ugly Girl ( Completed) Where stories live. Discover now