part - 10 U+Z

6.9K 515 1
                                    

Unicode

My Ugly Girl

( အပိုင်း  - ၁၀ )

ဆရာမ ခေါ်တာကြောင့် ရုံးခန်းထဲကို စစ်မင်း သွားသည် ။ အထွေအထူးတော့မဟုတ် အိုဟောင်းနေသော ကျောင်းအဆောက်အဦးတစ်ချို့ ပြန်လည် ပြုပြင်ရန် ဖေဖေ့ထံ အကူအညီတောင်းခြင်းပင် ။ သူ  ဖေဖေ့ကို ပြောပေးမည်ဟု ကတိပေးပြီး ဆရာမကို နှုတ်ဆက်ခဲ့သည် ။

စစ်မင်း ကားပါကင်နားရောက်တော့ ရှင်းသန့်ကို မတွေ့ ။ အနီးအနားလိုက်ရှာသော်လည်း အရိပ်အယောင်ပင် မတွေ့ရ ။ သူ အဆောင်ရှေ့မှာပဲ ရပ်စောင့်နေတုန်း ရှင်းသန့်ကို တွေ့လိုက်ရသည် ။ သို့သော် ရှင်းသန့်တစ်ယောက်တည်း မဟုတ် ယောကျာ်းတစ်ယောက်နှင့် ဖြစ်သည် ။ထိုသူက အရင်က ရှင်းသန့်အတူ မကြာခဏတွဲတွေ့နေကျ သူ ဖြစ်သည် ။ ထို့ပြင် ထိုသူက ရှင်းသန့်၏ လက်ကို ကိုင်ထားသည် ။ စစ်မင်းသည် ရုတ်တရက် အုံကြွလာသော ဒေါသစိတ်ကြောင့် သူ သတိမထားမိခင်မှာဘဲ သူတိ့အနီးသို့ ရောက်သွားပြီဖြစ်သည် ။ ရှင်းသန့်၏ လက်ကိုဆွဲကာ ထွက်သွားဖို့ပြင်သည် ။ သို့သော် ထိုသူက သူ့လက်ကို ပြန်ဆွဲကာ ဒေါသလေသံနှင့် မေးလာသည် ။

"ဒါ ဘာလုပ်တာလဲ "

စစ်မင်းသည် ထိုသူ့ကို စူးစိုက်ကြည့်ရင်း ပြောသည် ။

"ငါက ရှင်းသန့်ရဲ့ ချစ်သူပဲ "

စစ်မင်း၏ စကားကြားတော့ ထိုသူက အံ့သြသွားသည်ထင် ။ ခဏတိတ်ဆိတ်သွားသည် ။

"မင်းက ရှင်းသန့်ရဲ့ ချစ်သူသာဆိုရင် တော်တော်အသုံးမကျတဲ့သူပဲ "

"ခင်ဗျား ဘာပြောတာလဲ "

စစ်မင်း စိတ်တိုတိုနှင့် ပြန်မေးမိသည် ။

"ရှင်းသန့်ကို တခြားသူ အနိုင်ကျင့်နေတဲ့အချိန် မင်းက ဘယ်ရောက်နေလဲ ။ မင်းက ရှင်းသန့်ချစ်သူရော ဟုတ်ရဲ့လား ။ ကိုယ် ချစ်တဲ့ မိန်းကလေးတစ်ယောက်ကိုတောင် မကာကွယ်နိုင်ဘဲ ငါက သူ့ချစ်သူပါဆိုပါပြီး ​ကြေငြာမနေနဲ့ "

"တော်ပါတော့ ကိုသက်ပိုင် ။ ရှင်းသန့် စစ်မင်းနဲ့ပဲ ပြန်လိုက်ပါတော့မယ် ။ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် "

My Ugly Girl ( Completed) Where stories live. Discover now