part - 9 U+ Z

6.8K 542 7
                                    

Unicode

My Ugly Girl

( အပိုင်း - ၉ )

"ကျွန်တော်နဲ့ တွဲမလား ရှင်းသန့် "

ရှင်းသန့်သည် ကြားရတာကိုပင် မယုံနိုင် ။ မျက်ဝန်းတို့ ဝိုင်းပြီး နှုတ်ခမ်းတို့ ပွင့်ဟကာ ကြည့်မိသည် ။ စစ်မင်း ဘာတွေပြောနေတာလဲ ။

ရှင်းသန့် ခဏတော့ ကြောက်အသွားရသည် ။ အားလုံးပြီးပြည့်စုံသည့် ကောင်လေးတစ်ယောက်က ရှင်းသန့်ကို တွဲမလားမေးလာချိန် မှင်သက်သွားမိတာ မဆန်းပေ ။

"ဟား....စစ်မင်းက နောက်နေတာပဲ "

ရှင်းသန့်က အတွေးလွန်နေတာကို ရပ်ပြီး ရယ်မောရင်း ပြန်​ပြောလိုက်သည် ။

"ကျွန်တော် အတည်ပြောတာ "

စစ်မင်းက ထပ်ပြောလာတော့ ရှင်းသန့် ရယ်နေရာမှ ရပ်တန့်သွားသည် ။ သူ့စကားတွေကို မယုံကြည်နိုင်သဖြင့် စစ်မင်း၏ မျကိနှာကို အကဲခတ်မိသည် ။ သူကတော့ တည်တည်ငြိမ်ငြိမ်နှင့် စနောက်သည့်ပုံလည်း မပေါ် ။

"ဘာလို့လဲ စစ်မင်း ။ ရှင်းသန့်ကို ရှင် မချစ်ဘူးဆိုတာ သိတယ် ။ ဘာလို့ ဒီလိုပြောနေရတာလဲ "

"ကျွန်တော် ရှင်းသန့်ကို ခင်တယ်လေ ။ ဒီတော့ ရှင်းသန့်ကို ကူညီပေးချင်တယ် ။ ကျွန်တော့်တို့နှစ်ယောက်တွဲဖြစ်ရင် ရှင်းသန့်လည်း တခြားသူအပေါ်မှာ ရှိနေတဲ့ ခံစားချက်တွေ လျော့သွားမှ​ပေါ့ "

စစ်မင်း၏ စကားကြားတော့ ရှင်းသန့် အတွေးလွန်သွားရသည် ။ ကိုသက်ပိုင်အပေါ်ရှိနေသည့် ရှင်းသန့်၏ ခံစားချက်တွေ အဆုံးသတ်မှရမည် ။ ခုတောင် မမနွယ်ကို အားနာစိတ်ဝင်နေရသည် ။ သို့သော် စစ်မင်းလို လူနှင့် တွဲဖို့ကြတော့လည်း အရမ်းကို မသင့်တော်ရာကျနေသည် ။

"စစ်မင်း ကူညီပေးချင်လောက်အောင် ရှင်းသန့်က ရုပ်ရည်က လှနေတာမှ မဟုတ်တာ ။ နောက်ပြီး ရှင်းသန့်နဲ့ စစ်မင်း အတူတွဲသွားရင် လူတွေ ကဲ့ရဲ့လိမ့်မယ် ။ စစ်မင်းပါ စိတ်အနှောင့်အယှက် ဖြစ်လိမ့်မယ် "

"တခြားသူတွေရဲ့ အမြင်ကို ကျွန်တော် ဂရုမစိုက်ဘူး ။ ဂရုစိုက်ဖို့လည်း လိုတယ်လို့ မထင်ဘူး ။ ကျွန်တော် ရှင်းသန့်ကို ကူညီပေးနိုင်တယ်ဆိုရင်ပဲ အဆင်ပြေပါပြီ "

My Ugly Girl ( Completed) Where stories live. Discover now