Episode 4

3K 307 3
                                    

[ Zawgyi ]

ရှဲလီနိုးလာသည့်အချိန်၌ ခေါင်းတစ်ခုလုံး ချာချာလည်မူးဝေနေကာ ရင်ထဲတွင် ဆို့နေသည့် ခံစားချက်ကြီးကြောင့် အပြင်ထွက်ပြီး အော့အန်လိုက်သည်။ အန်လိုက်တော့မှ အနည်းငယ်သက်သွားခဲ့ပြီး လက်ဆတ်သည့် သဘာဝလေသည် စိတ်ကိုကြည်လင်သွားစေသည်။

ထိုစဉ် စစ်သည်တို့ရဲ့ကြွေးကြော်သံကို ကြားလိုက်ရသဖြင့် အသံလာရာ မြက်ခင်းပြင်ဘက်သို့ သွားကြည့်မိသည်။ စစ်ရေးလေ့ကျင့်ရာနေရာသို့ရောက်သည့်အခါ မြားပစ်လေ့ကျင့်နေကြသည့် လေးသည်တော်တို့နှင့်အတူ အခြားစစ်သည်များကိုပါတွေ့လိုက်ရသည်။

"" နိုးလာပြီလား ""

ွှရုတ်တရက်ကြားလိုက်ရသည့်အသံကြောင့် ရှဲလီမှ အနောက်သို့ ဖြတ်ခနဲလှဲကြည့်လိုက်စဉ် ပင်းဝမ်သည် ရှဲလီရဲ့လည်ပင်းကို ဓားဖြင့်ထောက်လိုက်၏။

"" သင့်ရဲ့လှုပ်ရှားမှုက မြွေတစ်ကောင်လိုမြန်ပေမယ့် ယုန်တစ်ကောင်လိုတော့ အသိမမြန်ဘူးပဲ ""

ပင်းဝမ်မှရယ်မောနေစဉ် ရှဲလီသည် လည်ပင်းကိုဓားနှင့်ထောက်ထားသည့် ပင်းဝမ်ရဲ့လက်ကို ဆတ်ခနဲ့ ဆွဲလိမ်လိုက်ပြီး ခြေထောက်ကို ဖြတ်ကန်လိုက်သည်။ ဓားလွတ်ကျသွားသည့်အခါ ရှဲလီသည် ဘယ်ဘက်မျက်ခုံးပင့်လျက် ပင်းဝမ်ကိုကြည့်လိုက်သည်။

"" သင့်ရဲ့ထက်မြက်မှုက ဓားသွားလို့တိရှပေမယ့် သင့်ရဲ့စိတ်ကြီးဝင်မှုက သံချေးတွေလို သင့်ရဲ့အရည်အချင်းတွေကို တိုက်စားနေတာပဲ ""

ရှဲလီရဲ့စကားကြောင့် ပင်းဝမ်သည် သဘောကျစွာဖြင့် တခစ်ခစ်ရယ်မောရင်း ခေါင်းငြိမ့်မိသည်။

"" ဘယ်ဆိုးလို့လဲ
သင့်ကို ကျွန်ုပ်သဘောကျတယ် ဒီလိုလုပ် ကျွန်ုပ်တို့ မိတ်ဆွေဖွဲ့ကြရအောင် ""

"" စိတ်မရှိပါနဲ့ ကျွန်ုပ်တို့ နှစ်ဦးက မိတ်ဆွေဖွဲ့လို့ရတဲ့ အခြေအနေမဟုတ်ပါဘူး ""

"" ကျွန်ုပ် မိတ်ဖွဲ့ချင်တာ သင့်ကို…! ရှဲလီဆိုတဲ့ ယန်ပြည်ထောင်က မင်းသားမဟုတ်ဘူး""

ကပ်သပ်ပြီးပြောနေသည့် ပင်းဝမ်ရဲ့စကားကြောင့် ရှဲလီ ခေါင်းယမ်းမိသည်။

The Loyal Male LoverWhere stories live. Discover now