Episode 38

1.8K 224 9
                                    

[ Zawgyi ]

အချိန်ပေါင်းများစွာကုန်လွန်လာပြီးနောက် စစ်ဆင်ရေးမှာ အဆုံးသတ်သွားခဲ့ပြီဖြစ်သည်။ ခုနှစ်ပြည်ထောင်အားသိမ်းပိုက်ပြီးသည့်အပြင် ပုန်ကန်မှုများကိုပါ အပြီးသတ်ပြီးနောက် စစ်သည်ရဲမက်များမှာ တာ့ဝမ်သို့ ပြန်လာခဲ့ကြသည်။ ကိုယ့်အိမ်ကိုယ်ရာသို့ ပြန်လာရသည့်အတွက် စစ်သည်များရဲ့မျက်နှာ၌ ပျော်ရွှင်မှုများဖြင့်ပြည့်နှက်နေသည်။

သို့သော် ရဲမက်ပေါင်းထောင်ချီကို ဦးဆောင်လာသည့် ချီပင်းဝမ်ရဲ့မျက်နှာကတော့ ဗလာနတ္ထိဖြစ်နေသည်။ ပျော်ရွှင်မှုမရှိ ဝမ်းနည်းမှုမရှိ ဘာဆိုဘာမှမရှိခဲ့ပေ။ သူ့ရဲ့ပုံစံက အသက်ဝိဥာဉ်ကင်းမဲ့နေသည့် အရုပ်တစ်ရုပ်လိုပင်။

ရိဖေးဆုံးပြီးနောက်ပိုင်း ဘဝသေသွားခဲ့သည့်ပင်းဝမ်ကိုကြည့်ရင်း ယီချန်းစိတ်မကောင်းဖြစ်မိသည်။ တစ်ချိန်တည်းမှာပဲ ရှဲလီကို သူဒေါသထွက်မိပြန်သည်။ ရိဖေးနှင့်မွေးမလာသေးသည့်ကလေးကို သတ်သွားခဲ့တာ ရှဲလီရဲ့လူတွေမဟုတ်လား။

ဖြစ်နိုင်လျှင် ယန်အရှင်မှာ ရှဲလီဖြစ်ကြောင်း ပင်းဝမ်ကို ယီချန်းပြောပြချင်ပေမယ့် ဘယ်လိုပြောရမှန်းမသိခဲ့ပေ။ ပင်းဝမ်သာ အဲ့ဒီအကြောင်းသိရင် အကြီးအကျယ်တုန်လှုပ်သွားနိုင်သည်။ လောကမှာ အဖြူစင်ဆုံးလူလို့ သူယုံကြည်သဘောကျခဲ့တဲ့လူတစ်ယောက်က သူ့ရဲ့အရာအားလုံးကို ဖျက်ဆီးလိုက်တဲ့သူဆိုတာ ပင်းဝမ်သာသိခဲ့ရင် ဘယ်လိုပြုမူမလဲဆိုတာ ယီချန်းမတွေးရဲပေ။
.
.
.
.
.
တစ်ဖက်မှာတော့ ရှဲလီသည် မြင်းဖြူကိုစီးနှင်ကာ ယန်နန်းတော်ကနေထွက်လာခဲ့သည်။ ရှဲလီရဲ့အနောက်တွင်တော့ အစောင့်အဖြစ် တပ်မှူးတစ်ယောက်ပါ လိုက်ပါလာခဲ့သည်။  ဆောင်းလလယ်ရာသီမို့ မြောက်ပိုင်းအရပ်မှာ ဆီးနှင်းများဖြင့်ဖုံးလွှမ်းနေ၏။ မြေအနေအထားကို ရှဲလီလေ့လာနေရင်း ချောက်ကြီးတစ်ခုကို တွေ့လိုက်ရသည်။

"" ဒီချောက်က တော်တော်နက်လား ""

"" အရမ်းတော့မနက်ပါဘူး။ တကယ်တော့ မြူခိုးတွေကြောင့် နက်နေတယ်လို့ထင်ရတာပါ  ""

"" ဒီကနေပြုတ်ကျရင် သေနိုင်လား""

ရှဲလီရဲ့မေးခွန်းကြောင့် တပ်မှူးမှာ အတော်လေးတွေဝေသွားသည်။

The Loyal Male LoverWhere stories live. Discover now