Episode 10

2.2K 269 13
                                    

[ Zawgyi ]

နေမွန်းတည့်အချိန်တွင် ရှဲလီသည် ကြိမ်ခြင်းကို ကျောတွင်ပိုးရင်း တောထဲသို့ ထင်းခွေဖို့ ထွက်လာခဲ့သည်။ ဆောင်းလလယ်ရောက်လာတော့မှာမို့ အအေးဓာတ်မှာ မြင့်တက်လာနိုင်၏။  ထို့အပြင် သူဆေးကျိုတဲ့အခါသုံးဖို့ရယ် ဆရာတော်တွေအတွက်ရယ်ပါ ထင်းတွေပိုပြီး စုဆောင်းဖို့လိုအပ်လာခဲ့သည်။

အင်္ကျီလက်ကို တံတောင်ဆစ်အထိ ခေါက်တင်ရင်း လက်ထဲကဓားဖြင့် သစ်ကိုင်းများကို ရှဲလီ ခုတ်ထစ်နေလေသည်။ သူဆင်းရဲတွေလို အဝတ်ကြမ်းကို ဝတ်စားထားပြီး မျက်နှာမှာလည်း ညစ်ပတ်နေပေမယ့် ရှဲလီရဲ့ ခန့်ညားမှုကျက်သရေမှာ အရောင်မမှိန်ခဲ့ပေ။

ထင်းတွေ အလုံအလောက်ရသွားတော့ နဖူးထက်ကချွေးကို လက်ဖမိုးဖြင့်သုတ်လိုက်ပြီး ရှဲလီ ပြန်လာခဲ့သည်။ လမ်းတစ်ဝက်ကိုရောက်တော့ ဟစ်ကြွေးသံအချို့ကို ကြားလိုက်ရသောကြောင့် အသံလာရာဆီသို့ ရှဲလီ လျှောက်လာလေ၏။ သစ်ပင်ချုံပုတ်များကြားကနေ ကွယ်ပြီးကြည့်လိုက်တော့ လက်နက်များကိုင်ဆောင်ထားသည့် လူတစ်ချို့ကို တွေ့လိုက်ရသည်။

ထိုသူများကိုင်ဆောင်ထားသည့်လက်နက်များမှာ ဓားတွေအပြင် ယမ်းသေနတ်များလည်းပါဝင်သည်။

"" လာမယ့်လပြည့်နေ့မှာ ကျွန်ုပ်တို့ အရှင်အတွက် မကောင်းဆိုးဝါးချီပင်းဝမ်ကို သုတ်သင်ပြီး ချန်းယွမ်ကို ပြန်သိမ်းပိုက်မယ်!
""

"" မကောင်းဆိုးဝါးချီပင်းဝမ် ကျဆုံးရမယ်! ""

ချီပင်းဝမ်ဆိုသည့်နာမည်ကိုကြားတော့ ရှဲလီရဲ့ရင်ထဲတွင် ဒိတ်ခနဲဖြစ်သွားခဲ့သည်။ ထိုသူများမှာ ပုန်ကန်သူတွေဖြစ်ရမည်ဖြစ်ပြီး လပြည့်နေ့၌ ပင်းဝမ်အား လုပ်ကြံကြတော့မှာဖြစ်ကြောင်း ရှဲလီသိသွားခဲ့သည်။

သူနဲ့မဆိုင်ပေမယ့်လည်း ပင်းဝမ်သည် သူ့အား အတိုင်းအတာတစ်ခုအထိ ကူညီပေးခဲ့သည့်မိတ်ဆွေဖြစ်သောကြောင့် ထိုအကြောင်းကို ပင်းဝမ်သိအောင် သွားပြောသင့်သည်ဟု ရှဲလီတွေးမိသည်။

ဒါပေမယ့် ပင်းဝမ်ကို သူဘယ်မှာ သွားရှာရမှာလဲ။

"" ထပ်ပြီးတွေ့ကြပြန်ပြီနော် ""

The Loyal Male LoverWhere stories live. Discover now