Episode 24

1.9K 254 25
                                    

[ Zawgyi ]

ရန္ဝမ္ဘက္က တောင်းပန်မှုပြီးဆုံးသွားပြီးနောက် ထိုင်နေရာကနေ ပင်းဝမ်မတ်တပ်ရပ်လိုက်သည်။ ထို့နောက် ရှဲလီရဲ့လက်တွင်ချုပ်နှောင်ထားသည့် သံကြိုးတွေကို သူကိုယ်တိုင်ဖြုတ်ပေးလိုက်သည်။

"" ဒါဆို ကျွန်ုပ် သွားလို့ရပြီလား ""

"" အင်း။ ကျွန်ုပ် လိုက်ပို့ပေးမယ်… ""

"" မလိုဘူး ""

ပင်းဝမ်ရဲ့စကားကို ဆုံးအောင်နားထောင်မနေတော့ပဲ ရှဲလီလှည့်ထွက်သွား၏။ ရှဲလီရဲ့နောက်ကျောပြင်ကိုကြည့်ရင်း ပင်းဝမ်ရဲ့ရင်ထဲတွင် တစ်မျိုးကြီးဖြစ်မိသည်။ ရှဲလီအနေနဲ့ သူ့အပေါ်ကို အတော်လေးစိတ်ပျက်သွားလောက်ပြီဟု သူတွေးမိသည်။

တစ်နေ့ညက ရှဲလီကိုယ်တိုင် သူ့အရှေ့မှာပဲ ရန်ဇီရဲ့ဆေးကို ဖော်စပ်ပေးခဲ့သည်။ သို့သော် ရှဲလီအနေနဲ့ ရန်ဇီအတွက်ဆိုပြီး မပြောခဲ့ပေ။ သူ့အတွက် အိပ်ပျော်အောင် အားဆေးလုပ်ပေးခဲ့ပေမယ့် ဆေးပမာဏမှာ နှစ်ယောက်စာဖြစ်နေသည့်အတွက် ပင်းဝမ်စပြီး သတိပြုမိလာခဲ့သည်။ ထို့အပြင် ရန်ဇီအကြောင်းကိုလည်း ကောင်းကောင်းသိလှသဖြင့် ရှဲလီရဲ့လုပ်ရပ်တွေကို မသိသလိုဟန်ဆောင်ရင်း ကျန်တဲ့တစ်ဝက်က ဘယ်သူ့အတွက်လဲလို့ မမေးခဲ့ပေ။

ထိုအစား တစ်ခြားနည်းလမ်းဖြင့် ရှဲလီကို ရန်ဇီရဲ့ခပ်ညစ်ညစ်ကစားပွဲကနေ တိတ်တဆိတ်ကာကွယ်ပေးခဲ့သည်။

သောက်ပြီးလို့ ကျန်တဲ့လက်ဖက်ရည်ကိုတောင် မြေကြီး သို့မဟုတ် အနားရှိပန်းအိုးထဲ သွန်ချလေ့ရှိသည့် ရန်ဇီရဲ့အမူအကျင့်တွေကို ပင်းဝမ် သိထားသည့်အတွက် ရှဲလီကို ပိန်းပန်းအိုးလေးပေးကာ သူပေးတယ်လို့မပြောပဲ ရန်ဇီထံပေးပေးရန် တောင်းဆိုခဲ့သည်။ အမှန်ပင်။ ထိုပိန်းပန်းအိုးမှာ ရှဲလီကနေတစ်ဆင့် ပင်းဝမ်ပေးလိုက်ခြင်းပင်။ ဒါ့အပြင် ရန်ဇီရဲ့အဆောင်၌ ပန်းအိုးတွေမရှိသည့်အပြင် ကြမ်းခင်းမှာလည်း အကောင်းစားသစ်များဖြင့် ခင်းထားတာကို သူသိသည်။ ထို့ကြောင့် ရှဲလီပေးလိုက်သည့်ဆေးကို ဖျောက်ဖျက်ဖို့ရန်အတွက် ပိန်းပန်းအိုးထဲကို သွန်ချလိုက်တာ အလွယ်ဆုံးနဲ့အမြန်ဆုံးနည်းလမ်းပင်။

The Loyal Male LoverWhere stories live. Discover now