Episode 17

2K 252 11
                                    

[ Zawgyi ]

မြို့တော်ထဲကို ပင်းဝမ်ရောက်တော့ အလောင်းကစားရုံအရှေ့၌ လူအများ ရုန်းရင်းဆန်ခတ်ဖြစ်ပွားနေကြတာကို တွေ့လိုက်ရသည်။ ထို့နောက် မြင်းပေါ်ကနေဆင်းပြီး မီးငြိမ်းလုနီးပါးဖြစ်နေပြီဖြစ်သော အဆောက်အဦးကို ကြည့်လိုက်သည်။

မီးများကြားထဲကနေ လူတစ်စု ထွက်ပြေးလာကြသည့်အခါ ပင်းဝမ် မျက်မှောင်ကြုပ်လိုက်၏။ ထိုသူများမှာ ရှဲလီရဲ့အိပ်ငွေ့ချခြင်းကို ခံလိုက်ရသည့်သူပုန်များပင်။

ပင်းဝမ်သည် သူ့အရှေ့၌ ဖြတ်ပြေးသွားသည့်သူတစ်ယောက်အား ဂုတ်ကနေလှမ်းဖမ်းဆွဲလိုက်၏။ ထို့နောက် မြေကြီးပေါ်သို့ ပစ်ချလိုက်ပြီး လည်မျိုကို ခြေထောက်ဖြင့် တက်နင်းထားလိုက်သည်။

""သမားတော်ကျန်းကို ဘယ်ခေါ်သွားတာလဲ။ သူ ဘယ်မှာလဲ! ""

"" ဘာ...ဘာကိုပြောတာလဲ...အဟွတ်!""

ပင်းဝမ်က အားဖြင့် ထပ်ပြီးနင်းထားလိုက်တော့ ထိုသူပုန်ခမျာ မျက်နှာတစ်ခုလုံးနီရဲလာပြီး အသက်ရှုကြပ်လာလေတော့သည်။

"" ကျွန်ုပ်...အမှန်အတိုင်းပြောပြ...ပါ့မယ်
လွှတ်ပေးပါ...ကျေးဇူးပြုပြီး...""

ထိုအခါကျတော့မှ ပင်းဝမ်က အားအနည်းငယ်ဖြေလျှော့ပေးလိုက်သည်။

"" မြေအောက်ခန်းက...အခန်းတစ်ခုမှာ သူသတိလစ်နေတာကို တွေ့ခဲ့တယ်...။
အဲ့ဒါနဲ့ပဲ...သူ့ကို အဲ့ဒီအခန်းထဲမှာ သော့ခတ်ပြီး ထားခဲ့လိုက်တယ်။
ကျွန်ုပ်တို့ကို အိပ်ငွေ့ချပြီး ဒုက္ခရောက်အောင်လုပ်ခဲ့...... ""

ထိုသူရဲ့စကားကို အဆုံးသတ်ခွင့်တောင် မပေးတော့ပဲ လည်ပင်းကို အားဖြင့်တက်နင်းချလိုက်သည်။

ထို့နောက် အပေါ်ဝတ်ရုံကို ချွတ်ပြီး အနားရှိ ရေပုံးထဲတွင် နှစ်ကာ ကိုယ်ပေါ်တွင်လွှားခြုံလျက် မီးလောင်နေသည့် အဆောက်အဦးထဲသို့ဝင်သွားလေ၏။

မြေအောက်ထပ်ကိုရောက်တော့ နေရာအနှံ့တွင် ရှဲလီကို သူလိုက်ရှာလေတော့သည်။
.
.
.
တစ်ဖက်တွင်တော့ ရွှယ်မုံနှင့် ယန်ရှင်းသည် နန်းမြို့ရိုးအပေါ်ဘက်ကနေ မီးလောင်နေသည့် အဆောက်အဦးအား လှမ်းမျှော်ကြည့်နေကြလေသည်။

The Loyal Male LoverWhere stories live. Discover now