Episode 19

2K 246 18
                                    

[ Zawgyi ]

ညစာစားပွဲကို သွားရန် ကျဲဟန်လျှောက်လာစဉ် လမ်း၌ အစေခံနှစ်ဦးနဲ့ဆုံမိကြလေသည်။
သစ်လွင်လှသည့်ဝတ်ရုံနှင့် လက်ဝတ်ရတနာတွေကို သယ်ဆောင်လာသည့်အတွက် သူစူးစမ်းလိုစိတ်ဖြစ်မိသည်။

"" ခဏနေဦး။ ဒီအဝတ်အစားတွေက ဘယ်သူ့အတွက် ပို့ခိုင်းလိုက်တာလဲ ""

"" သမားတော်ကျန်းအတွက် စစ်သူကြီး ပို့ခိုင်းလိုက်တာပါ ""

ချက်ခြင်းဆိုသလို ကျဲဟန်ရဲ့မျက်နှာထက်၌ ညစ်ကျယ်လှသည့်အပြုံးတစ်ခုပေါ်လာပြီး ထိုအဝတ်အစားများကို အစေခံများဆီကနေ ယူလိုက်သည်။

"" သင်တို့ သွားလို့ရပြီ။ ဒီအဝတ်အစားတွေကို ကျွန်ုပ်သွားပေးလိုက်မယ် ""

"" ဟုတ်ကဲ့ ""

အစေခံများထွက်သွားသည့်အခါ ကျဲဟန်သည် သူ့ရဲ့အခန်းထဲသို့ ထိုအဝတ်အစားများအား ယူသွားလေသည်။ ထို့နောက် ဆေးမှုန့်တစ်မျိုးကို အဝတ်အတွင်းပိုင်းအနှံ့တွင် ဖြူးလိုက်သည်။

"" သင် ဘယ်လောက်တည်ငြိမ်နိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့။ ဒီဆေးရဲ့ ယားယံမှုကြောင့် သင် ဘယ်လောက်တောင် ဣနြေ္ဒပျက်လိုက်မလဲဆိုတာ ကျွန်ုပ် မြင်ချင်လိုက်တာ…။ အဲ့ဒါက ချီကျဲဟန်ဆိုတဲ့ ကျွန်ုပ်ကို ပမာမခန့်ပြုရဲအတွက် ပထမဆုံးသင်ခန်းစာပဲ! ""

ထိုဆေးမှာ အသားနဲ့ထိပြီး အမွှေးတိုင်တစ်တိုင်စာအချိန်ကျော်တာနဲ့ မခံစားနိုင်အောင် ယားယံသလိုလို စပ်ဖျင်းဖျင်းဖြစ်လာသလိုလိုမျိုး ဖြစ်စေနိုင်သည့်အရာပင်။ ထိုမှတဆင့် အရေပြားတွင် အနီဖုတွေပေါ်လာပြီး ရောင်ကိုင်းလာကာ မခံရပ်နိုင်သည့် နာကျင်မှုမျိုးကို ခံစားရစေသည်။

ထို့နောက် ကျဲဟန်ကနေ သူ့အဆောင်ရှိ အစေခံနှစ်ယောက်ကို ခေါ်ကာ ထိုအဝတ်အစားများကို ရှဲလီထံသို့ သွားပို့ခိုင်းလိုက်သည်။

ပထမဆုံးသင်ခန်းစာ အောင်မြင်သွားတော့ ခန်းမအဆောင်သို့ တက်ကြွစွာဖြင့် ကျဲဟန်လျှောက်လှမ်းလာခဲ့သည်။ ရှဲလီရဲ့ ဣနြေ္ဒမရှိသည့် အပြုမူမျိုးကို သူ အလွန်မြင်ချင်လာမိသည်။ သေချာပေါက် ထိုကဲ့သို့ယားယံလှသည့်ဝေဒနာမျိုးကို ရှဲလီမပြောနှင့် သူတော်စင်တွေတောင် ခံနိုင်ကြလိမ့်မည်မဟုတ်ပေ။

The Loyal Male LoverWhere stories live. Discover now