Episode 5

2.8K 316 5
                                    

[ Zawgyi ]

နတ်ကွန်းထဲတွင်တော့ ရှဲလီသည် နှာခေါင်းကိုအဝတ်ဖြင့်အုပ်ရင်း ပင်းဝမ်ကို ပွေ့ချီလိုက်သည်။ တံခါးမှာ ပိတ်ထားသည့်အရှေ့တစ်ပေါက်တည်းသာရှိပေမယ့် နတ်ကွန်းမှာ ဟောင်းနွမ်းနေပြီမို့ သစ်သားတွေကျိုးပြီး ခွေးတိုးပေါက်လို အပေါက်ပုံစံဖြစ်နေသည့် အနောက်ဘက်ကနံရံကို ရှဲလီတွေ့လိုက်ရလေသည်။

"" ယမ်းနံ့?! "'

အဆိပ်ကြောင့် အကြောသေနေသည့်ပင်းဝမ်ကို မနိုင်မနင်းပွေ့ချီရင်း ရှဲလီသည် ခေါင်းမာစွာဖြင့် ထိုထွက်ပေါက်သို့ရောက်အောင်သွားလေသည်။

"" အချိန်မရှိတော့ဘူး ပေါက်ကွဲမှုကြောင့် သင်ကောကျွန်ုပ်ကော လွတ်မှာမဟုတ်ဘူး
အဲ့ဒါကြောင့် ကျွန်ုပ်ကိုထားခဲ့တော့! ""

"" အတူတူသေကြတာပေါ့
သင့်ကိုတော့ ဘယ်တော့မှထားခဲ့မှာမဟုတ်လို့ ပါးစပ်ပိတ်ပြီး ငြိမ်ငြိမ်နေလိုက် ""

ပင်းဝမ်သည် မင်သက်စွာဖြင့် ရှဲလီရဲ့မျက်နှာကိုကြည့်လိုက်သည်။

တစ်ဖက်မှာတော့ နတ်ကွန်းကိုဖျက်စီးရန်လုပ်နေသည့် လူများကြောင့် ရှောင်လန်သည် စိုးရိမ်ထိတ်လန့်စွာဖြင့် ကြည့်နေမိသည်။

ထိုသူတို့က သူ့ရဲ့သားကို အရှင်လတ်လတ်မီးလောင်တိုက်သွင်းဖို့ လုပ်နေကြပြီဖြစ်၏။ မိခင်တစ်ယောက်အနေနဲ့ ကိုယ့်သားကိုသူများတွေ သတ်ဖို့လုပ်နေတဲ့အချိန်မှာ သူအနေနဲ့ ဘာမှပြန်မလုပ်နိုင်တော့ဘူးလား။

အမျက်ဒေါသတို့မှာ တဖြည်းဖြည်းနှင့် မြင့်တက်လာရင်း သူ့ကိုချုပ်ထားသည့် လက်တွေကို အကြမ်းပတမ်းခါချလိုက်သည်။ ထို့နောက် နတ်ကွန်းရှေ့သို့ လျှောက်လာပြီး တပ်ဆင်ထားသည့် ယမ်းလက်နက်များအား ဖျက်ဆီးလေသည်။

"" ရှောင်လန်! ""

""ကျွန်ုပ်ကိုတားဖို့ မကြိုးစားပါနဲ့အရှင်!
ရှဲလီကို ထိတဲ့ဘယ်သူ့ကိုမဆို ကျွန်ုပ်ခွင့်လွှတ်မှာ မဟုတ်ဘူး! အရှင့်ကိုလည်း ခွင့်လွှတ်မှာမဟုတ်ဘူး!
အရှင်က ကျွန်ုပ်ရဲ့ဘဝဖြစ်သလို ရှဲလီက ကျွန်ုပ်ရဲ့အသက်ပါ
ရှဲလီကြောင့် ကျွန်ုပ် အခုအချိန်ထိ အားတင်းထားနိုင်ခဲ့တာပါ အရှင့်အနေနဲ့ ရှဲလီကို အဲ့လောက်တောင်သတ်ချင်နေရင် ရှဲလီနဲ့အတူ ကျွန်ုပ်ကိုပါ သတ်လိုက်…!
ရှဲလီမရှိရင် ကျွန်ုပ်လည်း အသက်ရှင်စရာအကြောင်းမရှိတော့လို့… ""

The Loyal Male LoverWhere stories live. Discover now