Episode 43

2.8K 260 26
                                    


[ Zawgyi ]

စစ်မြင်းနက်အား ဒုန်းစိုင်းစီးနှင်ပြီး ရွာထဲကနေ ထွက်ပြေးလာစဉ် အနောက်ကနေ ထပ်ကြပ်မကွာလိုက်ပါလာကြသည့် ယန်ရဲမက်များကြောင့် ပင်းဝမ်မျက်မှောင်ကြုပ်လိုက်သည်။ သူ့အရှေ့တွင်ထိုင်နေသည့် ရှဲလီကြောင့်သာမဟုတ်လျှင် အနှီပိုးမွှားများအား သူချေမွပစ်လိုက်တာကြာပြီဖြစ်၏။  ယခုတွင်တော့ လျိုဝှက်စခန်းချထားသည့်နေရာသို့ သူသွားလို့မဖြစ်သေးပေ။ သူရှိနေမှန်း သိသွားပြီဖြစ်သဖြင့် ယန်တိုင်းပြည်ကနေ သူအမြန်ဆုံးထွက်ခွာမှဖြစ်ပေတော့မည်။

ထိုအချိန်မတိုင်ခင် လောလောဆယ်တွင်တော့ အနှီးကပ်ပါးကောင်များအား သူ မျက်ခြေဖြတ်ပြီး ရှင်းထုတ်ဖို့လိုပေလိမ့်မည်။ ပင်းဝမ်ရဲ့အတွေးတောင် အဆုံးမသတ်သေးခင်မှာပဲ အနောက်တွင် လိုက်ပါလာသည့် ယန်ရဲမက်တစ်ယောက်ကနေ လှံအနီဖြင့် လှမ်းပစ်လိုက်လေသည်။

ကံကောင်းလှစွာဖြင့် အလျှင်အမြန်ခေါင်းငုံ့ခိုင်းလိုက်သည့် ပင်းဝမ်ကြောင့် ရှဲလီလည်း အန္တရာယ်ကနေလွတ်ကင်းသွားခဲ့သည်။

"" ကျွန်ုပ်တို့ ဒီအတိုင်းဆက်သွားနေလို့မဖြစ်တော့ဘူး ""

ထို့နောက် ပင်းဝမ်လက်ထဲက မြင်းဇက်ကြိုးကို ရှဲလီဆွဲယူကာ မြေပြန့်လွင်ပြင်ကနေ တောအုပ်ရှိရာဆီသို့ ဦးတည်လိုက်သည်။ အနှီတောအုပ်မှာ ချုံနွယ်ပေါင်းများစွာနှင့် ထူပိန်းနေသလို အတန်ငယ်လည်း မှိုင်းညိုညိုရှိ၏။ တောအုပ်ထဲကို သူတို့နှစ်ဦးဝင်သွားတော့ အနောက်က ရဲမက်တစ်စုမှာလည်း သူတို့သွားသည့်လမ်းအတိုင်း လိုက်လာကြလေသည်။

"" နေရာပြောင်းမယ် ""

ရှဲလီကနေ ပင်းဝမ်အား မြင်းဇက်ကြိုးပြန်ပေးလိုက်ပြီး အပေါ်ဝတ်ရုံကိုဖြဲကာ သူ့ရဲ့မျက်နှာတွင် စီးထားလိုက်သည်။ ရှဲလီရဲ့ဆိုလိုရင်းကိုနားလည်သည့် ပင်းဝမ်က မြင်းဇက်ကြိုးကိုဆွဲလိုက်၏။ ထိုအခါတွင် မြင်းရဲ့အရှေ့ခြေထောက်နှစ်ဖက်မှာ မြောက်တက်သွားပြီး ရှဲလီအား သစ်ကိုင်းပေါ်သို့တက်နိုင်အောင် ပင့်တင်ပေးလိုက်သလိုဖြစ်သွားလေသည်။

The Loyal Male LoverWhere stories live. Discover now