Episode 31

1.8K 239 26
                                    

[ Zawgyi ]

တုံဟွမ်းမြို့တော်ကနေ ထွက်လာခဲ့သော်ငြားလည်း ဘယ်ကိုသွားလို့သွားရမှန်းမသိ ရှဲလီလမ်းပျောက်နေမိသည်။ ခြေဦးတည့်ရာလျှောက်သွားနေရင်း အော်ဟစ်သံတွေကို သူကြားလိုက်ရသည်။ လမ်းဘေးကနေရပ်ကြည့်နေစဉ် တာ့ဝမ်စစ်သည်များကနေ ဟောင်းနွမ်းစုတ်ခြာလှသော အဝါရောင်ဝတ်စုံတို့ကိုဝတ်ဆင်ထားသည့်အမျိုးသမီးတို့အား လှောင်အိမ်ထဲထည့်ကာ ဖမ်းဆီးခေါ်ဆောင်လာခြင်းပင်။

ထိုအမျိုးသမီးများမှာ ယန်ပြည်ထောင်ကမှန်းသိလိုက်ရတော့ ရှဲလီအလွန်တုန်လှုပ်သွားသည်။ အကူအညီတောင်းကာငိုယိုနေကြသည့် ယန်အမျိုးသမီးငယ်တို့ကို တွေ့လိုက်ရတော့ ရှဲလီရဲ့နှလုံးသွေးတို့မှာ ပွက်ပွက်ဆူလာသည်။ အရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်စဉ် အနောက်ကနေလူတစ်ယောက်မှ သူ့ရဲ့ပုခုံးကိုကိုင်ကာ တားလိုက်သည်။

""သူတို့က ကျွန်ဈေးမှာ ရောင်းပြီးသားလူတွေ။ အမတ်တွေရဲ့အိမ်ကို ပို့ကြမှာ။ သင် သွားတားမယ်ဆိုရင် ပြဿနာတက်သွားနိုင်တယ်နော် ""

အနောက်ကလူကို ရှဲလီလှည့်ကြည့်လိုက်စဉ် သူ့ရဲ့မျက်ဝန်းများမှာ အတန်ငယ်ဝိုင်းစက်သွားသည်။

"" သင် ""

ထိုသူမှာ ချိုက်ရီမြို့က စားသောက်ဆိုင်တွင် သူတွေ့ခဲ့ဖူးသည့်လူတစ်ယောက်ဖြစ်သည်။

"" သင်က မင်းသားကျန်းရှဲလီမလား ""

ထိုအခါတွင် ရှဲလီ မျက်မှောင်ကြုပ်လိုက်သည်။ ထိုအမျိုးသားကတော့ ခပ်ညစ်ညစ်အပြုံးဖြင့်ရှဲလီကို ကြည့်နေသည်။

"" ချိုက်ရီမြို့မှာကတည်းက သင့်ကို သံသယဝင်နေခဲ့တာ။ ကျွန်ုပ်ခန့်မှန်းတာ မှန်သားပဲ။ တကယ်လို့ ကျွန်ုပ်သာ သင့်ကိုဖမ်းဆီးလိုက်မယ်ဆိုရင် သင့်ကို ထိန်းသိမ်းထားတဲ့ပင်းဝမ်လည်း နိုင်ငံတော်ကိုသစ္စာဖောက်မှုနဲ့ ကွပ်မျက်ခံရမှာသိလား။ ပင်းဝမ်တင်မကဘူး။ သူ့ရဲ့မိသားစုတွေလည်း ကြီးလေးတဲ့အပြစ်ဒဏ်ခံရမှာ ""

ထိုသူရဲ့စကားတွေကို ရှဲလီနည်းနည်းလေးမျှ မကြောက်လန့်မိပါလေ။ သို့သော် ပင်းဝမ်အတွက်တော့ သူစိုးရိမ်မိသည်။ သူ့ကြောင့်နှင့် ပင်းဝမ်ရဲ့မိသာစုကိုပါ ဒုက္ခမရောက်စေချင်ပေ။ မည်သို့ပင်ဖြစ်စေကာမူ ရှဲလီမှာ ခက်ထန်တည်ငြိမ်သည့်မျက်နှာထားဖြင့် ထိုအမျိုးသားကိုကြည့်နေသည်။ သူ့ရဲ့အားနည်းချက်ကို ဖုံးကွယ်ထားရင်းဖြင့်။

The Loyal Male LoverWaar verhalen tot leven komen. Ontdek het nu