Episode 13

2.1K 239 2
                                    

[ Zawgyi ]

မှောင်ရီပျိုးစအချိန်တွင်  အန်းဟွေ့ရုံးတော်သို့ ပင်းဝမ် ရောက်ရှိလာခဲ့သည်။ ရုံးတော်အမှုထမ်းများနှင့် တရားသူကြီးမင်းမှာ ပင်းဝမ်ကို မြင်သည်နှင့်တပြိုင်နက် ပြာပြာသလဲလဲဖြင့် ဂါရဝပြုကာဆီးကြိုကြ၏။

"" စစ်သူကြီးကို ကြိုဆိုပါတယ် ""

"" ကျဲဟန်ကို ခေါ်လိုက် ""

ရောက်ရောက်ချင်းမှာပဲ ထိုသူတို့၏ဂါရဝပြုမှုကို အဖတ်မလုပ်ပဲ အထဲသို့ ခပ်ကြွကြွဖြင့် လျှောက်လှမ်းသွား၏။

ကျန်ရစ်ခဲ့သည့် အမှုထမ်းများမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း သက်ပြင်းချလိုက်ကြသည်။ ထို့နောက် အမှုထမ်းအချို့သည် ပင်းဝမ်ရဲ့အမိန့်အတိုင်း ကျဲဟန်ကို 
သွားခေါ်ကြ၏။

………………………………………

တောင်ပေါ်ကဘုရားကျောင်းတွင်တော့ ရွှယ်မုံသည် ငိုကြွေးရင်း ကျောင်းအဝ၌ ထိုင်နေသည်။ သူ့ရဲ့လက်များမှာလည်း အဝါရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့်ရှဲလီရဲ့ခြေထောက်တွေကို ဖက်ထား၏။

"" ရွှယ်မုံ သင်ဘာလို့ နားမလည်နိုင်သေးရတာလဲ ""

"" … ကျွန်ုပ်ကို ကျေးဇူးပြုပြီး မနှင်ထုတ်လိုက်ပါနဲ့… သခင်လေးအနားမှာပဲ တသက်လုံး ခစားခွင့်ပေးပါ…""

ရှဲလီက မျက်လုံးကိုဝေ့ရင်း ရင်ဘတ်ကအောင့်သက်သက်ဖြစ်နေသည့်ခံစားချက်တွေကို ဖုံးကွယ်ထား၏။ ရွှယ်မုံမှာ သူ့ရဲ့ညီငယ်တစ်ယောက်လိုဖြစ်နေသည့်အတွက် မနှင်ရက်ပေ။ သို့ပေမယ့်လည်း ရွှယ်မုံရဲ့အကျိုးအတွက် သူလုပ်မှဖြစ်ပေမည်။

"" သွားတော့
အချိန်မနှောင်းခင် ""

ထိုစဉ် လှေကားထစ်တွေကနေ တရွေ့ရွေ့ဖြင့်တက်လာသည့် လူတစ်စုအား ရှဲလီတွေ့လိုက်ရ၏။ ထိုသူများမှာ တောထဲတွင် သူတွေ့ခဲ့သည့် သူပုန်များဖြစ်၏။

ရွှယ်မုံသည် ထိုသူများကိုတွေ့လိုက်ရသည့်အခါ ကမန်းကတမ်းထလိုက်ပြီး ရှဲလီရဲ့အရှေ့တွင် ရပ်လိုက်သည်။

"" သမားတော်ကျန်းဆိုတာ သင်လား""

"" ရပ်လိုက်စမ်း! သင်တို့က ဘယ်သူတွေလဲ
ဘုရားကျောင်းထဲကို ဓားတွေမယူလာရဘူးကွ! ""

The Loyal Male LoverWhere stories live. Discover now