Epilogue [ part one ]

3.2K 272 20
                                    

[ Zawgyi ]

နေမထွက်ခင် အာရုဏ်တက်အချိန်ကိုရောက်တော့ ပင်းဝမ်အစား ယီချန်းကနေ ရှဲလီကိုသွားခေါ်ဖို့ တဲထဲဝင်လာခဲ့၏။ တဲသို့ရောက်ရောက်ချင်းမှာပဲ သစ်သားခုံလေးတွင်ထိုင်နေသည့် ရှဲလီကို သူတွေ့လိုက်ရလေသည်။ ရှဲလီကလည်း ယီချန်းကို မြင်သည်နှင့်တပြိုင်နက် ထိုင်နေရာကနေ ထလိုက်သည်။

"" ပြန်တွေ့ကြပြန်ပြီနော် ""

ယီချန်းကနေ အရင်စပြီး ခပ်နောက်နောက်လေသံဖြင့် နှုတ်ဆက်လိုက်သည်။ ရှဲလီကတော့ ခေါင်းညိတ်ရုံသာညိတ်ပြလိုက်သည်။ စိုးစဉ်မျှပြောင်းလဲခြင်းမရှိသည့် ရှဲလီရဲ့အေးတိအေးစက်အမူအကျင့်ကြောင့် ယီချန်းပြုံးမိသည်။ ထို့နောက် သူဘာမှဆက်မပြောတော့ပဲ ရှဲလီနှင့်အတူ အပြင်သို့ ပြန်ထွက်လာခဲ့လေသည်။

အပြင်ဘက်တွင်တော့ ပင်းဝမ်အပါအဝင် အခြားနောက်လိုက်တပ်မှူးများမှာ မြင်းကိုယ်စီဖြင့် ထွက်ခွာဖို့အသင့်ဖြစ်နေပြီဖြစ်၏။ ရှဲလီအတွက် မြင်းကိုတော့ ယီချန်းမှ သူ့မြင်းနှင့်အတူ တစ်ခါတည်းယူလာပေးလေ၏။

မြင်းပေါ်သို့ ရှဲလီတက်ပြီးနောက်တွင် ပင်းဝမ်ကနေ ထွက်ခွာဖို့အချက်ပြလိုက်သည်။ ဒီလိုနှင့် သူတို့အားလုံး ယန်တိုင်းပြည်ကနေ တိတ်တဆိတ်ပြန်ထွက်လာခဲ့ကြ၏။

.............................................

တာ့ဝမ်နန်းတော်တွင်တော့ မိဖုရာခေါင်ဖြစ်သည့် ရန်ဇီမှာ မောင်ဖြစ်သူရဲ့လုပ်ရပ်ကြောင့် အလွန်အမင်း စိတ်အနှောင့်အယှက်ဖြစ်နေလေ၏။ အနှီး ရှဲလီဆိုသူအား ပင်းဝမ်ပြန်ရှာတွေ့လိမ့်မည်ဟု သူမထင်ထားခဲ့ချေ။

ထို့အပြင် တစ်ချိန်ကရန်ငြိုးဟောင်းကြောင့် ရှဲလီကို သူလုံးဝအမြင်မကြည်ပေ။ မမြင်ချင်လောက်အောင်လည်း ရွံရှာမုန်းတီး၏။ သူ့ရဲ့မိသားစုအပေါ် ကံဆိုးမှုတွေ ယူဆောင်လာခဲ့တဲ့အနှီဂြိုဟ်ဆိုးအား သူလုံးဝခွင့်မလွှတ်နိုင်ချေ။

"" မယ်မယ် ဒီကိစ္စက ဘယ်လိုဆက်လုပ်ကြမလဲ။ စစ်သူကြီးကို မကောင်းကြံချင်တဲ့သူတွေက ခပ်များများရယ်။ အကယ်၍ ဒီသတင်းသာပေါက်ကြားသွားရင် စစ်သူကြီးကို တိုင်းပြည်သစ္စာဖောက်မှုနဲ့ အမြင့်ပေါ်ကနေဆွဲချကြပါလိမ့်မယ်။ စဉ်စားသုံးသပ်တော်မူပါ မယ်မယ် ""

The Loyal Male LoverWhere stories live. Discover now