[ Zawgyi ]
နေဝင်တော့မည့်ဆဲဆဲအချိန်တွင် စစ်တလင်းပြင်သို့ ရှဲလီရောက်ရှိသွားသည်။ လက်ထဲက ဇာမဏီနက်ကို လေပေါ်တွင်မြှောက်ပြလိုက်တော့ တာ့ဝမ်စစ်သည်များ အထူးသဖြင့် တုံဟွမ်းတပ်သားများမှာ မျက်လုံးပြူးမျက်ဆံပြူးတွေဖြစ်ကုန်ကြ၏။
"" ဒါ...ဒါက ချီစစ်သူကြီးရဲ့ ဇာမဏီနက်ပဲ! ""
"" မဟုတ်မှလွဲရော ချီစစ်သူကြီးကို အနိုင်ယူလိုက်ပြီဆိုတဲ့သဘောလား! ""
တာ့ဝမ်ရဲမက်များမှာ ဘယ်လိုမှမယုံကြည်နိုင်ခဲ့ပေ။ ထိုနည်းတူစွာ ယန်ရဲမက်များသည်လည်း အံ့သြမဆုံးဖြစ်သွားကြပြီး စိတ်ဓာတ်များပိုမိုတက်ကြွလာခဲ့သည်။
ဒီလိုနှင့် နေဝင်သွားတော့ စစ်ပွဲကိုရပ်တန့်လိုက်ကြပြီး ရဲမက်များသည်လည်း ကိုယ့်နေရာကိုယ်ပြန်လည်ဆုတ်ခွာလာကြသည်။ ချီပင်းဝမ်မရှိတော့သည့်အတွက် တာ့ဝမ်တပ်မှာ အကြီးအကျယ်ထိခိုက်သွားခဲ့သလို ရဲမက်အများစုမှာလည်း စိတ်ပျက်အားလျော့နေကြ၏။ ယန်တပ်များကတော့ အောင်ပွဲဆင်နွှဲကာ ရှဲလီအား ဝိုင်းဝန်းဂုဏ်ပြုနေကြသည်။ ရှဲလီမှာမူ ပျော်ရွှင်ခြင်းမရှိ ၊ ဝမ်နည်းခြင်းမရှိ ဗလာနတ္ထိဖြစ်နေတဲ့မျက်နှာထားဖြင့် အောင်ပွဲခံနေကြသည့်ရဲမက်များကို ကြည့်နေသည်။
ကျန်းရှဲလီရဲ့အောင်နိုင်မှုအတွက် ကြွေးကြော်နေကြသည့်ရဲမက်များရဲ့အသံများမှာ မိုးကောင်းကင်ထိတိုင်အောင် ပဲ့တင်သံထပ်နေသည်။ စစ်တလင်းမြေနှင့်ဝေးရာ နှင်းမြူများဖုံးအုပ်ထားသည့် ချောက်နက်ထဲတွင်တော့ သွေးအလိမ်းလိမ်းဖြင့်လဲလျောင်းနေသည့်အမျိုးသားတစ်ယောက်ရှိနေ၏။
သွေးသားတို့ခဲသွားမတတ် အေးစိမ့်နေသော်ငြားလည်း မလှုပ်မယှက်အနေအထားဖြင့် ကောင်းကင်ယံကိုသာ သူကြည့်နေသည်။
သူ မသေသေးပေ။ သူ အသက်ရှင်နေသေးသည်။ ဒါပေမယ့် သူ့တွင် အချိန်သိပ်မကျန်တော့သလို အားအင်လည်းကုန်ခမ်းစပြုနေပြီဖြစ်သည်။ သိပ်မကြာခင် သွေးထွက်လွန်ပြီး သေဆုံးရတော့မှာ မလွဲဧကန်ပင်။ ရုန်းကန်ရင်ရသေးသော်လည်း သူ့တွင် အသက်ရှင်ချင်စိတ်မရှိတော့ပေ။
YOU ARE READING
The Loyal Male Lover
Historical Fiction#Not Translation Both Zawgyi and Unicode are available!