Episode 1

7.8K 483 25
                                    


Zawgyi

Tee.....Tee.....Tee.....

ရေချိုးခန်းထဲက ထွက်ထွက်ချင်းမှာ
ပေါက်ကွဲလုမတတ် မြည်နေသော
ဖုန်းသံကြောင့် နည်းနည်းတောင်
စိတ်အနှောက်အယှက် ဖြစ်မိသွား
သည် ။ စိတ်ရှိတဲ့အတိုင်းသာဆို
မကိုင်ပဲထားလိုက်ချင်ပေမယ့်
အလုပ်ဖုန်းဖြစ်နေသည့်အတွက်
ဖုန်းကို မဖြေမဖြစ် ဖြေလိုက်ရ
တော့သည် ။

" အေးပြော...ငါခဏနေ
ထွက်လာတော့မှာကို
ဘာအကြောင်းရှိလို့လဲ "

" ပြသာနာတော့ တက်ပြီ
အစ်ကိုလေး "

" ဘာဖြစ်တာလဲ "

" မနက်ဖြန်ချိတ်ထားတဲ့ supplier
ကို တစ်ဖက်အဖွဲ့က ဖြတ်ခုတ်
သွားတယ် အစ်ကိုလေး "

" ဘယ်ကအကောင်တွေလဲ "

" မသိသေးဘူး အစ်ကိုလေး
ဒါပေမဲ့ သူတို့လူ ၃ ယောက်ကို
ကျွန်တော့်တို့ club မှာ မိထားတယ်
အစ်ကိုလေး "

" ဘာပြောသေးလဲ အဲကောင်တွေ "

" ကျွန်တော့်တို့မေးထားကို အစ်
နေတယ် အစ်ကိုလေး "

" ချုပ်ထားလိုက် ငါအခုလာခဲ့မယ် "

အဝတ်ဗီဒိုထဲမှ အဖြူရောင် T-Shirt
နဲ့ Style pan အနက်ကို ထုတ်ဝတ်ကာ အပေါ်မှ Coat အမည်းရောင် ထပ်ဝတ်လိုက်ကာ
အိမ်မှ အမြန်ထွက်လာလိုက်
တော့သည် ။

သူ့အလုပ်ရှိရာ High Star Club
ရှေ့တွင် ကားကိုရပ်လိုက်ကာ
Security ကို ကားသော့ပစ်
ပေးလိုက်သည် ။

" အဆင်ပြေတဲ့နေရာ ထိုးထားလိုက် "

" ဟုတ်ကဲ့ အစ်ကိုလေး "

Security နုတ်ဆက်တာကိုတောင်
မစောင့်နိုင်ပဲ Club ထဲသို့ မြန်မြန်ဝင်
သွားတော့သည် ။ အချိန်အားဖြင့်
ညနေ ၅နညရီလောက်ပဲ ဖြစ်တာမို့
Club တွင် ဧည့်သည်ရှိမနေပါ ။

အထဲသို့ရောက်သည် Club manager
ဖြစ်တဲ့ Doyoung
ရောက်လာတော့သည် ။

" အစ်ကိုလေး ရောက်လာပြီလား "

" ဟိုကောင်တွေ ဘယ်မှာလဲ "

" Store ခန်းမှာပါ အစ်ကိုလေး "

Doyoung ရဲ့ စကားကို
ပြီးဆုံးအောင် မစောင့်တော့ပဲ
Store ခန်းရှိရာကို တန်းသွားတော့
သည် ။ အခန်းထဲကိုရောက်သွား
သောအခါ ထိုလူ ၃ ယောက်သည်
ဘယ်သူ့မှ ဂရုစိုက်စရာမလိုဘူး
ဆိုသော မျက်နှာပေးဖြင့် ထိုင်ခုံ
ပေါ်တွင် ထိုင်နေသည် ။

My Lovely DemonWhere stories live. Discover now