Episode 29

2.1K 250 81
                                    

Zawgyi

" ပူတယ်နော် Taehyung...
မှုတ်သောက် "

" ဟုတ်ကဲ့ "

ထုံးစံအတိုင်း အမောင် Taehyung
တို့ခမျာ မနက်မိုးလင်းတိုင်း ချစ်သူမျက်နှာ
ကို မော်ဖူးရင်း မနက်စာကိုသုံးဆောင်လေ့
ရှိတယ် ။ ချစ်သူ့မျက်နှာကြည့်ပြီး မနက်စာ
စားရတဲ့ စိတ်ခံစားချက်က ဘာနဲ့မှ
မလဲနိုင်ဘူးလေ...

( Fa တွေမသိလဲ ကိစ္စမရှိပါ
ဆက်ရေးပါရစေ...)

မနက်စာကို နွားနို့ပူပူလေးရယ်
Taehyung အကြိုက် Strawberry
pancake လေးကိုမှ ပျားရည်စမ်း
ထားသည် ။ Taehyung ကတော့
Soekjin ပြင်ပေးတဲ့ မနက်စာကို
အားရပါးရစားနေရင်း မနေ့က
Namjoon ပြောလိုက်တဲ့ ကိစ္စ
ကခေါင်းထဲရောက်လာတော့သည် ။
ခေါင်းထဲရောက်လာတော့လည်း ပါးစပ်
ကထုတ်မေးချင်လာပြန်သည် ။ မေးရင်
ကောင်းပါ့မလား စဉ်းစားနေရင်း...

" ကိုယ့်ကိုတစ်ခုခုပြောစရာရှိလို့လား
Taehyung "

" ဟမ်...ကျွန်တော့်မျက်နှာ
အရမ်းသိသာနေလို့လား "

" ဒါကတော့ ကိုယ်က Taehyung
မျက်နှာကို အရိပ်လိုကြည့်နေတာလေ
ဒီလောက်တော့ ကိုယ်သိတာပေါ့
ကဲပါ...ကိုယ့်ကိုတစ်ခုခုပြောစရာ
ရှိနေလား "

" အင်း...ရှိတယ် "

" မေးလေ.. "

" Soekjin ကျောင်းတုန်းက
ရည်းစားထားခဲ့ဖူးလား "

" အင်း...ကိုယ်ကောင်မလေးတစ်ယောက်
နဲ့တော့ တွဲခဲ့တယ် နှစ်နှစ်လောက်ကြာ
တော့ ကိုယ်တို့လမ်းခွဲလိုက်ကျတယ်လေ "

" ဘာလို့လဲဟင်..."

" ကိုယ့်မှာသူလိုချင်တာဝယ်ပေးနိုင်တဲ့
ပိုက်ဆံရော သူ့အနားမှာနေပြီး
ဂရုစိုက်ပေးဖို့ အချိန်ရော မလောက်ခဲ့ဘူး
လေ ကြာတော့သူလည်းကိုယ့်ကို
စိတ်ကုန်ပြီပေါ့..ဒါလဲသူ့အလွန်မဟုတ်
ပါဘူးလေ အရာရာလိုအပ်ချက်ရှိနေတဲ့
သူကို ဘယ်မိန်းကလေးက အားကိုးချင်ပါ့
မလဲ "

" ဒါကတော့ မဟုတ်သေးဘူးလေ
Soekjin ရဲ့...ကိုယ်တကယ်ချစ်
ရင် သူဘာချည်းပဲဖြစ်နေပါစေ
သူ့အနားမှာနေပြီး သူ့ကိုအားပေး
သင့်တာပေါ့ ဒီလိုဆို Soekjin ရဲ့
ရည်းစားဟောင်းက Soekjin ထက်
ပိုက်ဆံကိုပိုချစ်ခဲ့လို့ပဲ "

My Lovely DemonWhere stories live. Discover now