Episode 13

2.6K 289 15
                                    

Zawgyi

မနက်အိပ်ယာ နိုးလာသည့်အချိန်တွင်
အရင်ပြေးမြင်မိတာက လက်လက်စက်စက်
ရထားတဲ့ ချစ်သူမျက်နှာ ။ မနေ့ကအဖြစ်အပျက်တွေ
သူ့အတွက် အိပ်မက်လို့ပြောနိုင်သည် ။
Soekjin ကလည်း သူ့လိုစိတ်ရှိနေ
တာကို သူသာစောစောလေးသိခဲ့ရင်
ပိုကောင်းမယ်လို့လဲ တွေးမိသေးသည် ။
နာရီကြည့်လိုက်တော့ မနက် 7 နာရီ
ထိုးနေပြီ ။ အရင်ကဆို နိုးနိုးချင်း
ဖုန်းမကိုင်တတ်ပေမယ့် အခုကျတော့
ချစ်သူကို သူနိုးပြီဖြစ်ကြောင်း သတင်း
ပို့ချင်သေးသည် ။ ဒါကြောင့် Message
ပို့ရန် ဖုန်းယူကာ ဖွင့်ကြည့်လိုက်သောအခါ
Soekjin ဆီမှ Message တစ်စောင်
ရောက်ရှိနေသည်။

" Good Morning Taehyung "

ူသူ့ရဲ့ Good Morning လေး
တစ်ခုနဲ့တင် လူကစိတ်ကိုလန်းဆန်း
သွားတယ်လို့ ထင်မိသည် ။ ဘေးလူက
တောင် အပိုလုပ်တယ်လို့ထင်ရင်တောင်
ထင်လိမ့်မည် ။

" Good Morning နော်
Soekjin ကျွန်တော်အခုမှနိုးတာ
ခဏနေရင် ဆိုင်ကိုရောက်မယ်နော် "

စာပြန်ပို့ပြီး ဖုန်းချကာ ရေချိုးခန်းထဲ
အမြန်ပြေးရတော့သည် ။ ချစ်သူဖြစ်တာ
ပထမဆုံးရက်ဆိုတော့လည်း စိတ်ကလှုပ်
ရှားမိသား ။ ဗီဒိုထဲကနေ အဖြူရောင်
T shirt လေးနဲ့ Style pan
အသားရောင်လေးထုတ်ဝတ်လိုက်သည်။
မှန်ထဲတွင် အင်္ကျီကိုသေချာသပ်သပ်
ရပ်ရပ်ဝတ်လိုက်သည် ။ရေမွှေးလေး
အနည်းငယ်စွတ် ၊ ဆံပင်ကိုပုံကျအောင်
သပ်တင်ပြီး Show case ထဲမှ Channel
နာရီထုတ်ဝတ်ကာ ချစ်ရသူဆီ ချီတက်
လာတော့သည် ။

Soekjin ရဲ့ဆိုင်ကိုဝင်လာတော့
ချစ်ရသူက အေးမြသောအပြုံးနဲ့
ခရီးဦးကြိုပြုသောကြောင့် ရင်ထဲ
ပန်းတွေဝေသွားတော့သည် ။ ထိုင်
နေကျစားပွဲလေးတွင် ဝင်ထိုင်ရင်း
Soekjin အလာကိုထိုင်စောင့်
နေသည် ။ ခဏအကြာ မနက်စာနဲ့
အတူတူSoekjin ရောက်လာတော့
သည် ။

" ကြာသွားလားဟင် "

" မကြာပါဘူး ကျွန်တော်ကိုက
စိတ်လောနေတာ "

" ဘာကိုစိတ်လောတာလဲ Taehyung "

" Soekjin နဲ့ တွေ့ရမှာကို
စိတ်လောနေတယ် ပြောတာပါ "

" အရင်ကလည်းတွေ့နေကျပဲကို
Taehyungရယ် "

" အရင်က မိတ်ဆွေလေ
အခုကျွန်တော်တို့က ချစ်သူတွေလေ
အခြေအနေမှ မတူတော့တာ Soekjin
ရော ကျွန်တော့်လို မဖြစ်ဘူးလား "

My Lovely DemonWhere stories live. Discover now