Episode 24

2.5K 268 27
                                    

Zawgyi

အချိန်အားဖြင့် မနက် 7နာရီရှိနေပေမယ့်
ဆောင်းဝင်ခါစမို့ မနက်ခင်းရဲ့ ရာသီဥတု
က အေးစိမ့်စိမ့်လေးဖြစ်ကာ အုံ့မှိုင်းမှိုင်း
လေးဖြစ်နေသည် ။ ညအခါက ရင်ခုန်ခြင်း ၊
စိတ်လှုပ်ရှားခြင်း ၊ မက်မောခြင်းများစွာဖြင့်
သက်တန့်ရောင် ပန်းချီကားတစ်ချပ်အား
နှစ်ကိုယ်တူဆေးခြယ်ခဲ့ကျလေသည် ။
ပန်းချီကားကိုစိတ်ကြိုက်ဆေးခြယ်ပြီး
ပြီးတော့ သူ့နာမည်လေးခေါ်ပြီးပဲ
အဆုံးသတ်လိုက်သည် ။

မိုးပြာရောင်အိပ်ယာခင်း ခင်းထားသော
နှစ်ယောက်အိပ်ကုတင်ပေါ်တွင် လူသား
နှစ်ယောက်က တင်းကျပ်စွာပွေ့ဖက်ရင်း
အိပ်မောကျနေသည် ။ နှစ်ယောက်အိပ်
ကုတင်ကြီးကိုမှ အားမနာပဲဖက်ထား
သည်မှာ လွတ်နေတဲ့နေရာတွင်
နောက်ထပ်လူတစ်ယောက်က အေးဆေး
လာအိပ်လို့ရနိုင်သေးသည် ။

Taehyung ရဲ့လက်မောင်းတွင်
Soekjin ခေါင်းအုံးကာအိပ်နေသည် ။
Taehyung ရဲ့ရင်ခွင်ကိုကျောပေး
လျှက်အိပ်ပျော်နေသည် ။
Soekjin ကပင်အရင်ဦးဆုံးနိုးလာ
သည် ။ လည်ဂုတ်ပေါ်သို့ကျရောက်လာတဲ့
ဝင်သက်ထွက်သက်လေးကြောင့်
သူ့တစ်ကိုယ်လုံးကိုနွေးစေပါသည် ။
သူ့ဆံပင်တွေကြားမှာမျက်မှာအပ်ကာ
အိပ်ပျော်နေတဲ့ Taehyung ကို
မနိုးရက် ။ သူ့ပုခုံးအပေါ်ကနေကျော်ကာ
သူ့တစ်ကိုယ်လုံးကို ထွေးဖက်ထားသည် ။
အဝတ်မပါတာမို့ ကျောပြင်ကတိုက်ရိုက်
ထိတွေ့နေတဲ့ သူ့ရင်ဘတ်လေးက
ရင်ခုန်သံကိုပိုကာပိုကာ မြန်စေသည် ။
သူ့ရဲ့ခါးအနောက်ကနေထိတွေ့ထားတဲ့
Taehyung ရဲ့ ချပ်ရပ်တဲ့ဗိုက်သားလေး ။
လှည့်မကြည့်လို့မမြင်ရပေမယ့် စိတ်ကူး
နဲ့တင်အကုန်ပုံဖော်လို့ရပါသည် ။
ဆက်ပြီးတွေးမိသောအတွေးတစ်ခုက
Soekjin မျက်ဝန်းတွေကိုပြူးသွား
စေသည် ။ နောက်ထပ်ထိတွေ့နေသာ
အရာ ။ ညကသူ့ဆီအလည်လာခဲ့သော
အရာ ။ ညကနှစ်ယောက်အတူတူ
ချစ်တင်းနှောခဲ့တဲ့ပုံရိပ်တွေကိုအကုန်
ပြန်မြင်ယောင်လာပြန်သည် ။

မီးဖှငျ့ထားတာမို့ ပုံရိပ်တွေက record
တစ်ခုလို စိတ်ကူးထဲဆွဲကျန်နေသည် ။
တစ်ယောက်နဲ့တစ်ယောက် နာမည်ခေါ်သံ ၊
သာယာသောအထိအတွေ့ ၊ မောဟိုက်မှု
နောက်ပြီး ကျေနပ်မှု ဘယ်လောက်
တောင်လှပနေလိုက်ပါသလဲ ။

My Lovely DemonWhere stories live. Discover now