Episode 30

2.2K 265 55
                                    

Zawgyi

Doyoung ရဲ့ နောက်ဆုံးခရီးလေး
ဖြစ်သော ဈာပနအခန်းအနားပွဲတွင်
Taehyung , Soekjin,
Yoongi, Hosoek,
Jungkook, Jimin နဲ့
Namjoon တို့အားလုံးရှိပေး
ကျသည် ။ Namjoon ရဲ့ခြေထောက်
ကအကောင်းပကတိမဖြစ်သေးပေမယ့်
တုတ်ကောက်ကို အားကိုးပြီး Doyoung
ဈာပနပွဲသို့ တက်ရောက်ပေးရှာသည် ။
Doyoung နဲ့ Namjoon ကအပြင်
မှာ မရင်းနှီးကျပေမယ့် Taehyung က
သူ့တပည့်ဖြစ်သူရဲ့ နောက်ဆုံးခရီးလေးကို
စည်ကားစွာဖြစ်စေချင်တဲ့ ဆန္ဒကြောင့်
ရောက်လာခဲ့ပေးရခြင်းဖြစ်သည် ။

Soekjin နဲ့ Jimin ကလည်း
Doyoung ကို Taehyung ကနေ
တစ်ဆင့်ရင်းနှီးရပေမယ့် ပေါင်းသင်းဆက်
ဆံရေးပြေပြစ်လွန်းတာကြောင့် ရင်းနှီး
နေကျပြီဖြစ်သည် ။ Doyoung မှာ
မိသားစုမရှိပါ ။ တစ်ကောင်ကြွက်ဘဝနဲ့
ရှင်သန်နေခဲ့ရသည် ။ အခုသူ့ရဲ့ ဈာပန
ပွဲမှာလည်း ဆွေမျိုးဟူ၍တစ်ယောက်မှ
မရှိ ။ အကုန်လုံးက မိတ်ဆွေအပေါင်းအသင်း
တွေချည်းသာဖြစ်သည် ။ ဘယ်သူမှတော့
ငိုကျဆွေးကျခြင်းမရှိ ။ အကုန်လုံးစိတ်မကောင်း
စွာနဲ့ပဲ ငြိမ်သက်နေကျသည် ။

Soekjin ကတော့ ဈာပနပွဲကို
စရောက်ကတည်းက Taehyung
ကိုပဲသတိထားကြည့်နေခဲ့မိသည် ။
Taehyung နုတ်ကထုတ်မပြော
ပေမယ့်တပည့်တွေ အားအကိုးရဆုံး
တပည့်တစ်ယောက်လည်းဖြစ် ၊
ယုံကြည်ရတဲ့ မိတ်ဆွေအပေါင်းအသင်း
တစ်ယောက်လိုဖြစ်ခဲ့တဲ့ Doyoung
ကအခုလိုမျိုး ရုတ်တရပ်ကြီးစွန့်ခွာ
သွားတော့ နှမြောသတ ဖြစ်မိမှာအမှန်ပင် ။
Soekjin ကိုယ်တိုင်တောင်မှ မနက်က
သတင်းကြားကြားခြင်း စိတ်မကောင်း
ဖြစ်နေခဲ့တာ အခုထိပါပဲ ။ ဒါပေမဲ့
ဘာကြောင့် Doyoung သေ
သွားတာလဲဆိုတာ ခုထိမသိသေး ။

နဂိုထဲက အနေတည်တဲ့ Taehyung
အခုလိုအခြေအနေမှာ ပိုလိုတောင်တည်တံ့
နေသည် ။ ဈာပနပွဲစစခြင်းကဆိုရင်
ပန်းစည်းတွေကြားမှာရှိနေတဲ့ Doyoung
ကို တော်တော်ကြာကြာစိုက်ကြည့်နေတာ
မြင်တော့လည်း Soekjin စိတ်မကောင်း ။
Soekjin လည်း အခုလောလောဆယ်တော့
Taehyung ကိုတစ်ယောက်တည်းသာ
လွတ်ထားပေးလိုက်သည် ။ မလှမ်းမကမ်း
ကနေပဲ Taehyung ကိုစောင့်ကြည့်
ပေးနေခဲ့သည် ။

တစ်ယောက်ပြီးတစ်ယောက် Doyoung
အတွက် တောင်းဆုတွေပြုပေးနေရင်း
Soekjin အလှည့်ကိုရောက်ရှိလာခဲ့သည် ။
Soekjin လည်း ဂန္ဓမာအဖြူလေးကို
ခုန်ပေါ်တွင် အစီအရီတင်ပေးလိုက်ကာ
ရိုသေစွာနဲ့ကိုယ်ကိုညွန့်ကိုင်းပြီး နုတ်ဆက်
လိုက်သည် ။ Doyoung ရဲ့ဓာတ်ပုံကို
ငေးကြည့်နေရင်း တစ်ချိန် Doyoung
ပြောခဲ့တဲ့စကားတွေ အမှတ်ရလာပြန်သည် ။

My Lovely DemonWhere stories live. Discover now