Episode 8 ( B )

2.8K 296 10
                                    


Zawgyi

Soekjin ပြန်သွားပြီး ခဏလောက်
အကြာတွင် Taehyung လဲ ဖုန်း
ခဏသုံးနေလိုက်သည် ။ ရုတ်တရက်တံခါး
ကိုဖွင့်သံကြားတော့ အပေါက်ဝကို ကြည့်
လိုက်တော့ Yoongi ဖြစ်နေသည် ။


" Hyung လာလေ "

ထို့အတူ နံရံအကွယ်ကနေ ထွက်လာ
တဲ့ ဟိုမိန်းမကိုပါမြင်လိုက်ရသည် ။
မြင်မြင်ချင်းတော့ ဒေါသကထောင်းကနဲ
ထွက်သွားပေမယ့် နောက်တော့မှ
Yoongiခေါ်လာတာ အကြောင်းတစ်ခု
တော့ရှိရမယ်ဟု တွေးလိုက်ကာ
ပြန်ငြိမ်လိုက်သည် ။

" ဝင်ခဲ့ "

Yoongi က အရင်ဝင်လာပြီး
ထိုမိန်းမကိုပါ ဝင်လာဖို့ခေါ်လိုက်တော့
သည် ။ ထိုမိန်းမသည် ခေါင်းတောင်
မဖော်နိုင်ပဲ အခန်းထဲသို့ ဝင်လာခဲ့
သည် ။ နောက်ပြီး Byun Han
ရဲ့ လူယုံ Hanmin ကပါဝင်လာ
ဖို့လုပ်သည့်အခါ

" မင်းနေခဲ့ မင်းနဲ့မဆိုင်ဘူး "

" အစ်ကိုကြီးရဲ့လူကို
ကာကွယ်ဖို့ငါ့မှာတာဝန်ရှိတယ် "

" ခွေးဆိုတာ ဟောင်လွန်းရင်
လူတွေက မကြောက်တော့ဘူး
ဆိုတာ မင်းသိသင့်တယ်
နေခဲ့ ထပ်တိုးလာရင်
ငါနေရာမရွေးတတ်ဘူး "

Hanmin မလွဲသာတဲ့အဆုံးနေခဲ့
ရတော့သည် ။ ထိုမိန်းမ အခန်းထဲကို
တစ်လှမ်းချင်းဆီ ဝင်လာသည် ။ Yoongi
ကတော့ နံရံကိုမှီပြီး လက်ပိုက်ကာ
မတ်တပ်ရပ်နေသည် ။ ထိုမိန်းမသည်
Taehyung ရှေ့က ခုံပေါ်တွင်
ထိုင်ရန် ဟန်အပြင်တွင်

" မင်းကိုငါဘာပြောထားလဲ "

ထိုမိန်းမသည် ခုံပေါ်မထိုင်တော့ဘဲ
ခုံဘေးတွင် ဒူးထောက်ထိုင်ချ
လိုက်သည် ။ Taehyungကတော့
ဘာပြောရမှန်းမသိကြောင်အနေသည် ။


" ကျွန်မ ...ကျွန်မတောင်းပန်ပါတယ်
ကျွန်မ ကိုခွင့်လွတ်ပေးပါနော် "


Taehyung လဲ ကုတင်ပေါ်က
ထိုင်နေရာမှဆင်းပြီး ထိုမိန်းမရှေ့
သို့လျှောက်သွားကာ

" မင်း မိန်းမဖြစ်နေတာ
သိပ်ကံကောင်းသွားတယ်
ကဲ မင်းပြန်တော့ "

My Lovely DemonWhere stories live. Discover now