Episode 14

2.6K 287 40
                                    


Zawgyi

" ကဲ အားလုံး ဒီနေ့တော့ ဒီလောက်ပါပဲ
မနက်ဖြန်ကျရင် ဂျုံအမျိုးအစားရွေးနည်း
အကြောင်းပြောပြမယ်နော် ဒီနေ့သင်ခန်းစာ
ကိုလည်း မနက်ဖြန်လက်တွေ့လုပ်ပြမှာ
မို့လို့သင်တန်းမပျက်ကျနဲ့နော် "

" ဟုတ်ကဲ့ ..."

" ပြန်လို့ရပါပြီ ကောင်းသောနေ့လေး
ဖြစ်ပါစေ "

Jimin တစ်ယောက်မုန့်ဖုတ်တဲ့
သင်တန်းတက်နေတာ တစ်ပတ်လောက်
တောင်ရှိတော့မည် ။ သူကိုယ်တိုင်က
မုန့်ဖုတ်တာကိုစိတ်ဝင်စားသည့်အပြင်
Soekjin ကိုလည်း ကူညီပေးချင်လို့
အခုလိုသင်တန်းတက်နေတာဖြစ်သည် ။

ကျွန်တော်က ပိုက်ဆံမကုန်ချင်လို့
Hyung ဆီကပြန်သင်မယ်ပြောတာ
ကိုလက်မခံ ။ ကျွမ်းကျင်တဲ့သူတွေ
သင်ပေးတာ ပိုပြီးပညာရတယ်ဆိုပြီး
နားချနေတာနဲ့ သင်တန်းပဲတက်ဖြစ်
တော့ပါတယ် ။ အခုလဲ ဆရာတွေရဲ့
အသင်အပြကောင်းတာကြောင့် လူက
မုန့်လုပ်ပညာရပ်ကို ပိုပြီးစိတ်ဝင်စား
လာသည် ။ အရသာရှိတဲ့မုန့်တစ်မျိုး
ရဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်မှန်း
ကျွန်တော်နားလည်တော့သည် ။
ပါဝင်ပစ္စည်းများကို ထည့်ချင်သလို
ထည့်လို့မရ ။ အချိုးအစားသေချာစွာ
ချိန်ဆပြီးထည့်မှ တူည်ီတဲ့အရသာ ၊
စစ်မှန်တဲ့ အရသာကိုရရှိနိုင်သည် ။

" Jimin ဒီနေ့ အိမ်တန်းပြန်မှာလား "

" ဟင့်အင်း...ဒီနားက center ထဲ
ဝင်ပြီးဝယ်စရာရှိလ်ို့ "

" အဲဒါဆိုလဲ ငါပြန်ပြီနော် "

" အေး ဂရုစိုက်ပြန် "

Jimin လေး Center ထဲရောက်
လာတော့ သူ့အတွက် တစ်ကိုယ်ရေသုံး
လိုအပ်တဲ့ပစ္စည်းတွေဝယ်နေရင်း
Soekjin ဆီမှ ဖုန်းဝင်လာသည် ။

" Hello Hyung ပြော "

" မင်းပြန်လာပြီလား "

" မလာသေးဘူး Hyung
Shopping center မှာ
လိုတာတွေဝယ်နေလို့ ဘာလုပ်
မလို့လဲ Hyung "

" အတော်ပဲ အမွှေးဖယောင်းတိုင်း
လေးတွေ ဝယ်ခဲ့ပေး "

" အမွှေးဖယောင်းတိုင် ..."

" ဟုတ်တယ် သစ်သီးအနံ့လေး
ပါတဲ့ဟာ ဝယ်ခဲ့ပေး အရမ်းအနံ့စူးတာ
ကို အီတဲ့အနံ့တို့မဝယ်ခဲ့နော် "

My Lovely DemonWhere stories live. Discover now