Episode 26

2.4K 252 54
                                    

Zawgyi

" Taehyung....ကိုယ်ဒီမှာ
ဂျုံနယ်နေတယ်လေ အရသာမမှန်ပဲနေမယ် "

Taehyung ကဗိုက်ဆာတယ်ဆိုလို့
Soekjin က ပူတင်းပေါင်မုန့်လေး
ထလုပ်ပေးနေတာကို ကိုယ်တော်ချော
လေးက နောက်ကနေလာဖက်ပြီး
ခါးကိုကလိထိုးလိုက် ၊ နားရွက်ကို
ကိုက်လိုက် နဲ့ အမျိုမျိုးလာလုပ်နေ
တော့တယ် ။

" ပူတင်းပေါင်မှုန့်ကို စတိုးဆိုင်မှာ
ဝယ်စားလဲ ဖြစ်တာကိုဗျာ..."

" ကိုယ်တိုင်လုပ်တော့ ပိုပြီးနူးနူးညံ့ညံ့လေး
လဲစားရတယ်... ဟော..ပိုလဲကောင်းတယ်
လေ ခင်များလေးပဲဗိုက်ဆာတယ်ဆို "

Taehyung ရဲ့ တိုက်ခန်းက အရင်က
လိုခြောက်ကပ်ကပ်ကြီးမဟုတ်တော့ ။
Soekjin က မီးဖိုချောင်အတွက်
လိုအပ်တဲ့ ချက်ပြုတ်စရာတွေအကုန်
ဖြည့်ပေးထားတာကြောင့် မီးဖိုချောင်ခန်း
ကစိုပြေနေသည် ။ Soekjin လည်း
နေ့တိုင်း Taehyung နဲ့မနေနိုင်သေး
ပေမယ့် တစ်ပတ်ကိုတစ်ခါတော့
Taehyung အိမ်မှာပဲ ညအိပ်
တတ်တယ် ။ Taehyung ကတော့
တစ်ပတ်ကိုတစ်ရက်လေးပဲ အေးဆေးနေ
ရတာမို့လို့ အချိန်ကိုလက်တွေ့ကျကျ
အသုံးချချင်ပေမယ့် ပါးစပ်က ဗိုက်ဆာ
တယ်လို့ ထွက်မိတော့ ချက်ချင်းကို
ပူတင်းပေါင်မုန့်ထလုပ်တော့တာပဲ... ။
Ingredient ကစုံနေတော့ တားလို့လဲမရ။

အနောက်ကနေ ဖက်ထားရင်း Soekjin
ရဲ့ပုခုံးကို မေးတင်ကာ ကပ်ပါးတစ်ကောင်
လိုလိုက်ကပ်နေတော့တယ် ။

" ခဏဖယ်ပါအုံး...ဒါလေးကို
Microwave ထဲထည့်ပါရစေအုံး  "

" ပြီးရောဗျာ..."

ဆူပုတ်ပုတ်မျက်နှာဘေးနဲ့ပဲ စားပွဲပေါ်ကို
တက်ထိုင်လိုက်သည် ။ Soekjin
လည်း မုန့်ဗန်းလေးကို Microwave
ထဲထည့်လိုက်သည် ။ ဆူပုတ်ပုတ်ကောင်လေး
ကို ချော့ရန်Taehyung အနားကို
သွားလိုက်တော့တယ် ။ Taehyung ရဲ့
အရှေ့ကိုရောက်တော့ ခြေထောက်နှစ်ချောင်း
ကြားထဲကို သူ့ကိုယ်လေးဝင်ပြီး လည်ပင်း
လေးကို လက်နှစ်ဖက်နဲ့ ကိုင်တွယ်လိုက်
တော့တယ် ။

" ကဲ....ဘာကိစ္စနဲ့ ဆူပုတ်သွားတာလဲ
ချက်ချင်းကြီးနော် "

" Soekjin ကျွန်တော့်ကို
မချစ်ပါဘူးဗျာ....လူကိုအနားကို
အကပ်မခံဘူး လိုက်ပြီးနှင်ထုတ်နေတယ် "

My Lovely DemonWhere stories live. Discover now