Episode 18

2.3K 273 6
                                    

Zawgyi

Jimin ဆိုင်အတွက်လိုအပ်သည့် ပစ္စည်းများ
ဝယ်ပြီးပြန်လာတော့သည် ။ သူကိုယ်တိုင်က
လည်းသင်တန်းပြီးပြ်ီမို့ လိုအပ်တဲ့ပစ္စည်း
တွေကို အလွယ်တကူဝယ်နိုင်သည် ။
ဈေးဝယ်သည့်အခါတွင်လည်း သူနဲ့Soekjin
အားတဲ့သူက သွားဝယ်သည်။ Soekjin က
Special Order တွေစီစဉ်နေရတာမို့လို့
Jimin ပဲဈေးလာဝယ်ရတော့သည် ။
ကား patking ကနေအထွက်တွင်
ရုတ်တရပ်ကြီးထိုးရပ်သွားတော့သည် ။
Park Jimin ဆိုသည်မှာလဲ ကားသာ
မောင်းတတ်ပြီး မပြင်တတ်ပါ ။ Soekjin
ကိုဖုန်းဆက်ကြည့်တော့ ဖုန်းကမကိုင် ။
ကားကြီးဒီနားထားခဲ့ဖို့ကလည်း မဖြစ် ။
ခဏနေ Soekjin ကိုထပ်ခေါ်ကြည့်
တော့မှ ဖုန်းကိုင်တော့သည် ။

" Hello Jimin ပြော "

" Hyung ကားကမောင်းနေရင်း
ရပ်သွားလို့ "

" ဟုတ်လား ဆီကုန်သွားလို့လား "

" မဟုတ်ဘူး ဆီကအပြည့်ပဲ
ဆိုင်ကထွက်တော့မှဝင်ဖြည့်ထားတာ "

" အဲဒါဆို ခဏလေးစောင့်နေ
Hyung လာခေါ်မယ် "

" Hyung အားရဲ့လား "

" ဒါလေး လက်စသတ်ပြီးရင်
အားပြီ ခဏပဲစောင့်နေ location
ပို့လိုက် "

" ဟုတ်ကဲ့....Hyung "

Soekjin ဆျီကို Location ပို့
ပေးပြီး Soekjin အလာကိုစောင့်
နေတော့သည် ။ Jimin ကားဘေး
တွင်ရပ်စောင့်နေရင်း ကားတစ်စီးကာ
သူ့ကားအနားတွင်လိုက်တော့သည် ။

" ဘာဖြစ်လို့လဲ
Park Jimin ကျွန်တော်
ဘာကူညီပေးရမလဲ "

" လာပြန်ပြီ မျက်နှာရူးကောင် "

စိတ်ထဲကနေသာ ပြောလိုက်ပြီး
မသိချင်ယောင်ဆောင်နေလိုက်သည် ။
ဘာလို့မှန်းမသိ Jimin သည်
Jungkook ကိုအကြောင်းပြချက်
မရှိပဲ ကြည့်မရ အမြင်ကပ်သည် ။

" ဘာမှမဖြစ်ဘူး "

" အဲဒါဆိုဘာလို့အကြာကြီးရပ်
နေတာလည်း Park Jimin
ကျွန်တော်ကြည့်နေတာကြာလှပြီ "

" ငါ့ဘာသာ ဘာဖြစ်ဖြစ်
မင်းနဲ့ဘာဆိုင်လို့လဲ ကိုယ့်လမ်းကို
သာသွားစမ်းပါကွာ "

" ဟော....ဘာလို့ကျွန်တော့်ကို
ကြည့်မရဖြစ်နေတာလဲ Park Jimin
ကျွန်တော်ဘာများလုပ်မ်ိလို့လဲ
စိတ်ဆိုးနေတဲ့ပုံကြီးက ကလေးလေး
ကျနေတာပဲ "

My Lovely DemonDonde viven las historias. Descúbrelo ahora