Episode 9

2.6K 289 18
                                    

Zawgyi

အိမ်ကိုပြန်ရောက်လာသည့် အချိန်တွင်
လူကဘာမှလုပ်ချင် ကိုင်ချင်စိတ်မရှိ
တော့ပါ ။ Taxi ပေါ် မျက်နှာငယ်လေး
နဲ့ တက်သွားသော Hobi မျက်နှာလေး
က အခုချိန်ထိ မထွက် ။ Hobiကို
ရက်စက်စက်စက်ပြောပစ်တဲ့ အခါမျိုး
ဆိုရင်လည်း သူက နှစ်ဆပိုနာကျင်ရတယ် ။

အိပ်ခန်းထဲကို ရောက်တာနဲ့ အဝတ်အစား
မလဲတော့ပဲ ။ ကုတင်ပေါ်တွင် ပစ်လှဲ
ပစ်လိုက်တော့သည် ။ မျက်နှာကျက်ကို
သာ ငေးကြည့်နေရင်း အတိတ်က မလှပတဲ့
ပုံရိပ်တွေလည်း မီးမောင်းထိုးပြနေသလို ။
မျက်လုံးတွေ မှိတ်လိုက်ကာ ရင်နာစရာ
ဇာတ်လမ်းလေး တစ်ပုဒ်အား ပြန်လည်
တွေးတောနေမိတော့သည် ။

တစ်ချို့ဇာတ်လမ်းတွေက ရင်နာမှ
အသည်းထဲစွဲကျန်ရစ်ခဲ့တာလေ ...

                 လွန်ခဲ့သော ၅ နှစ်
              **************

အဲနေ့က မိုးတွေအရမ်းသည်းထန်နေ
သည် ။ အပြင်ကိုတောင် သဲသဲကွဲကွဲ
မမြင်ရ ။ ကိုယ့်ရဲ့အလုပ်က အမြဲတမ်း
သွေးသံရဲရဲ ကြုံတွေ့ခဲ့တဲ့အချိန်က
များသည် ။ အားလပ်ချိန်တွေမှာ
ကိုယ်ဝါသနာပါတဲ့ အလုပ်လေးနဲ့
အချိန်ကုန်ဆုံးချင်ခဲ့သည် ။ ဒါကြောင့်
ဝါသနာပါတဲ့ စန္ဒယားတီးခြင်းကို
လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည် ။
ဝါသနာပါပေမယ့်လည်း မတီးတက်
တော့ ခက်တာကြောင့် အခု စန္ဒယားတီး
သင်တန်းကို တက်လာတာ ၅ရက်မြောက်
ခဲ့ပြီ ။ အနေတည်လွန်းတဲ့ အပြင်စကား
ပြောနည်းလွန်းတဲ့ ကျွန်တော့်အကျင့်ကြောင့်
အပေါင်းအသင်းလဲ တစ်ယောက်မှ
မရှိခဲ့ ။ လူတစ်ချို့က ကျွန်တော့်ရဲ့
အဲဒီအကျင့်ဆိုးကြောင့် အပေါင်းအသင်း
မလုပ်တတ်ကျဘူးလေ ။

ကျွန်တော်လဲ တခြားသူတွေလို
သူငယ်ချင်းတွေနဲ့ မကြာခဏ
hang out လုပ်လိုက် ၊ မုန့်
တွေစားလိုက် ၊ အရက်လေးသောက်ပြီး
ပျော်ပျော်ပါးပါး နေချင်ခဲ့တာပဲ ။ ဒါပေမဲ့
ကျွန်တော့်မှာ သူငယ်ချင်းမရှ်ိလို့
မလုပ်နိုင်ခဲ့ဘူး ။ ဒါကြောင့် ကျွန်တော့်
ရဲ့ အားလပ်ချိန်တွေမှာ ကျွန်တော်
ဝါသနာပါတဲ့ စန္ဒယားတီးခြင်းနဲ့ပဲ
ကုန်ဆုံးရန် ဆုံးဖြတ်လိုက်တယ် ။

My Lovely DemonWhere stories live. Discover now