Episode 28

2.2K 253 51
                                    

Zawgyi

ညအချိန်လည်း 11ကျော်နေတာမို့
ကားပေါ်တွင် လမ်းသွားလမ်းလာ
သိပ်တော့မရှိ ။ လူရှင်းနေတာမျိုးလည်း
မဟုတ် ။ Jungkook ကတော့
ကားမောင်းနေကာ Taehyung
ကတော့ ဘေးခုန်တွင် ထိုင်နေသည် ။

" ဟိတ်ကောင်... Hyung အိမ်က
ညာဘက်ကိုကွေ့ရမှာလေ "

" Hyung ကအခုအိမ်မှာ
မဟုတ်ဘူး ဆေးရုံမှာ "

" ဆေးရုံမှာ...ဟုတ်လား
ဘာဖြစ်တာလဲ "

" အကျိုးအကြောင်းတော့
ဘာမှမပြောဘူး အရေးကြီး
ပြောစရာရှိလို့တဲ့ ခေါ်လိုက်တာ
စောစောက Soekjin တို့ရှိနေတာ
မို့ တမင်မပြောတာ "

" ကဲ...အဲဆိုလည်းမြန်မြန်မောင်း
Hyung ဘာဖြစ်လို့လဲမသိဘူး "

" အေး..."

Jungkook ကို ကားကိုအရှိန်တင်
ပြီးမောင်းနှင်လာရာ နောက်ဆုံးတော့
Yoongi ရှိနေတဲ့ ဆေးရုံကိုရောက်
ရှိလာခဲ့သည် ။ ဆေးရုံအောက်ကိုရောက်
တော့ဖုန်းဆက်ပြီး ဘယ်နေရာမှာရှိလဲ
ဆိုတာလှန်းမေးပြီး အခန်းကိုရောက်
လာတော့သည် ။ အခန်းထဲရောက်
တော့ မြင်ရတဲ့မြင်ကွင်းကြောင့်ပဲ
Jungkook ရော Taehyung
နှစ်ယောက်လုံး အံ့သြသွားရသည် ။

" လာလေ.."

ဆေးရုံအခန်းရဲ့ကုတင်ပေါ်မှာ ညာဘက်
ခြေထောက်က ကျောက်ပတ်တီးစည်း
ကာပတ်လှပ်ကြီး နေနေရတဲ့ Namjoon
ရယ် နောက်ပြီး ဘေးခုန်တွင်ထိုင်နေတဲ့
Yoongi ရယ်ကြောင့် နှစ်ယောက်လုံး
ဘာပြောရမှန်းမသိ ။

" ဘယ်လိုဖြစ်တာလဲ Hyung "

" Namjoon လုပ်ကြံခံရတာ..."

" ဘယ်လို..."

Jungkook နဲ့ Taehyung ဆီမှ
အံ့သြမှုအာမေဋိတ်အသံပြိုင်တူထွက်
ကျလာသည် ။

" ဟုတ်တယ်...ငါတစ်နေရာသွား
ပြန်လာတော့ဖြစ်တာပဲ Namjoon
က ငါ့ကားအရှေ့မှာမောင်းနေတာ
ငါက သူ့နောက်မှာကပ်ပါလာတာ
ကားက မီးပွိုင့်မိသွားလို့ရပ်စောင့်နေရင်း
တစ်ဖက်ကားက ဗလိုင်းကြီးဝင်တိုက်
သွားတာပဲ သူ့ကားအရှေ့ပိုင်းတစ်ခု
လုံးရစရာမရှိတော့ဘူး နောက်တစ်ချက်
ကွေ့ပြီး ထပ်တိုက်မလို့လုပ်တော့
ငါ့ကားနဲ့သူတို့ကားကို ပြန်တိုက်
တော့မှ သူတို့လည်းငြိမ်သွားတယ်လေ
ကားထဲက လူလေးယောက်လောက်
တုတ်တွေနဲ့ဆင်းလာပြီး ရိုက်မလို့
လုပ်သေးတယ် Namjoon
က ခြေထောက်နဲ့ကားတံခါးနဲ့
ညှပ်နေတာမို့ သူလှုပ်လို့မရဘူး
ငါပဲ အဲဒီလေးယောက်ကို ရှင်းပြီး
သူ့ကိုဆေးရုံခေါ်လာတာပဲ "

My Lovely DemonWhere stories live. Discover now