Episode 7

2.9K 332 20
                                    

Zawgyi

အချိန်အားဖြင့် 7 နာရီထိုးဖို့ မိနစ်၃၀
လောက်ပဲလိုတော့သည် ။ Jungkook
ကတော့ ဆိုင်အရင်ရောက်လာကာ
Taehyung ကိုရှာပေမယ့် မတွေ့ ။
ဝန်ထမ်းကောင်လေးကို မေးလိုက်ရာ
အိမ်ကိုခဏပြန်သွားသည်လို့သာ
ပြောသောကြောင့် ခဏလောက်ဆိုင်
ထဲတွင် ထိုင်စောင့်နေသည် ။

ခဏလောက်အကြာတွင် Soekjin
နဲ့ Jimin ပါဆိုင်ထဲသို့ရောက်
လာတော့သည် ။ Jungkook
လည်း Soekjin ကိုတွေ့တော့
မတ်တပ်ရပ်ပြီး နုတ်ဆက်စကား
ပြောလိုက်သည် ။

" ကျွန်တော့်ကို မှတ်မိပါတယ်နော် "

" အင်း မှတ်မိပါတယ် "

Jimin ကတော့ Jungkook
ကိုတစ်နေရာမှာ မြင်ဖူးသလိုလို
ပုံစံမျိုးနဲ့ စူးစမ်းပြီးကြည့်နေသည် ။
Jungkook နဲ့အကြည့်ချင်းဆုံ
သွားတော့မှ မသိသလိုပုံစံနဲ့
အကြည့်ပြန်လွဲလိုက်သည် ။

" ခဏလောက် ထိုင်စောင့်ပေးပါနော်
Taehyung က အိမ်ခဏပြန်သွား
တာမို့လို့ အားနာလိုက်တာ "

" ရပါတယ် ခုနကတောင်
ဖုန်းအဆက်အသွယ်ရပါသေးတယ် "

" ဒါဆို ခဏလောက်စောင့်ပေးနော် "

" ကောင်းပါပြီ ..."

Jungkook , Jimin နဲ့
Soekjin ကတော့ စားပွဲတစ်ခု
တည်းတွင် အတူတူထိုင်ကာ
Taehyung ကိုစောင့်နေကျသည် ။
မလာသေးတာနဲ့ Jungkook လည်း
ဖုန်းထုတ်ကာ Taehyung ကို
လှန်းဆက်လိုက်သည် ။

"  Hello "

" မင်းမလာသေးဘူးလား
ဒီမှာစောင့်နေတာ အားနာစရာကြီး "

" အေးပါကွာ ..လာတုံးက
ကားဘီးပေါက်သွားလို့ဟေ့
အဲဒီမှာ ကြာသွားတာ အခု
အိမ်ကထွက်လာနေပြီ
car parking ရောက်
နေပြီ Soekjin တို့ကို
လည်းပြောပေးပါအုံး "

Taehyung လည်း car parking
ကိုရောက်လာတော့ ကားအနားကို
အမြန်သွားကာ ကားထဲဝင်ရန်
ဟန်ပြင်နေသည် ။ လက်ကလဲ
ဖုန်းတစ်ဖက်နဲ့ အာရုံများနေတာမို့
ပတ်ဝန်းကျင်ကို သိပ်အာရုံမရ ။
ကားတံခါးကိုဖွင့်လိုက်စဉ် လူတစ်ယောက်
သည် သူ့နောက်ကနေ ရောက်လာပြီး
သူနောက်ကနေ တိုက်ခိုက်ရန်
ဟန်ပြင်လိုက်သော်လည်း ကားမှန်
ကနေ ပြန်မြင်လိုက်ရသောကြောင့်
ထိုလူရဲ့တိုက်ခိုက်မှုကို ကျွမ်းကျင်
စွာရှောင်လိုက်သည် ။

My Lovely DemonWhere stories live. Discover now