Extra

3K 272 52
                                    

Zawgyi

ဆောင်းရာသီရဲ့ အအေးခိုက်ဆုံးလ တစ်လ
ဖြစ်တဲ့ December လကိုရောက်ရှိ
လာခဲ့ပြီ ။ ဆိုးရွားတဲ့ အဖြစ်အပျက်တွေ
ငြိမ်နေခဲ့တာ ၁ လလောက်ရှိခဲ့ပြီလေ ။
အခုဆိုရင် အရာအားလုံး ပုံမှန်လေးပဲ
ဖြစ်နေကျပြီ ။ Namjoon ဆိုလဲ
သူ့ညီမလေးကို သူပြန်ခေါ်နိုင်ပြီ ။
အမြဲတမ်းကျွန်တော်တို့ကို ဒုက္ခပေးနေ
တဲ့ အဖွဲ့နှစ်ဖွဲ့လည်း ဇာတ်သိမ်းသွားချေပြီ ။
Drama ကားတွေထဲကလို ဇာတ်လမ်း
ဆန်ဆန်ပြောရရင်တော့ Happy Ending
လေးတစ်ခုပေါ့ ။

အရာအားလုံးတည်ငြိမ်နေတော့
ဖြတ်သန်းရတဲ့ နေ့ရက်တိုင်းကာ
သာယာနေခဲ့တာပေါ့ ။ ဒါပေမဲ့ လူလဲ
လောဘနဲ့မလား ။ ပိုပြီး သာယာချင်
တယ် ။ ပိုပြီး....ပိုပြီး...အဆင်ပြေချင်
တယ်လေ ။ ဒါကြောင့် လွန်ခဲ့တဲ့ တစ်လ
လောက်ထဲက စီစဉ်ထားတဲ့ ကိစ္စလေး
တစ်ခုကို ဒီနေ့အကောင်အထည်ဖော်ရန်
ခေါင်းထဲ ထည့်ပြီး ကျွန်တော့်ချစ်သူရဲ့
Coffee ဆိုင်လေးကို ရောက်ရှိလာခဲ့
တယ် ။

" Happy Birthday Soekjin "

နဖူးလေးကို အနမ်းလေးနဲ့ နုတ်ဆက်ပြီး
ပါလာတဲ့ မွေးနေ့လက်ဆောင်လေးကို
Soekjin ဆီပေးလိုက်သည် ။
Soekjin နဲ့ Taehyung ဆက်ဆံ
ရေးကိုလည်း ဆိုင်ကလူတွေအကုန်သိနေပြီ
မို့ အနေအထိုင်အရင်ကလောက် ဆင်ခြင်
နေစရာမလိုတော့ ။

" ဟင်...ဘာလေးလဲ Taehyung
စာအိတ်နဲ့ထည့်လာတာဆိုတော့ လက်မှတ်လား "

" ဖွင့်ကြည့်လေ..."

Soekjin စာအိတ်လေးကို ဖွင့်ကြည့်
လိုက်တော့ လေယာဉ်လက်မှတ်လေး
နှစ်စောင် Busineess တန်းက
ဖြစ်သည် ။ ခရီးစဉ်ကိုကြည့်လိုက်တော့
ဟာဝိုင်အီ ။

" ကိုယ်တို့ ခရီးထွက်မလို့လား
Taehyung "

" အင်း....အရင်ကတည်းက
စီစဉ်ထားပေမယ့် ကိစ္စတွေကြောင့်
မသွားဖြစ်ရဘူးမလား အခုလည်း
ချက်ချင်းကြီးမဟုတ်သေးပါဘူး
December 25 ကျွန်တော်တို့
ရဲ့တစ်နှစ်ပြည့် Ani Day မှပါ "

" ဟုတ်ပါပြီ...ဟုတ်ပါပြီ
အတူတူသွားကျတာပေါ့ ဒါပေမဲ့... "

" ဒါပေမဲဘာလို့လဲ Soekjin "

" ကိုယ်သွားရင် ဆိုင်မှာ Jimin
လေးတစ်ယောက်ထဲ ဆိုတော့
အဆင်ပြေမလားလို့ပါ "

My Lovely DemonWhere stories live. Discover now