Episode 3

3.5K 364 12
                                    


Zawgyi


Yoongi Taehung Jung kook
တို့ ၃ ယောက်စလုံး Black
Diamond ရဲ့ ခေါင်းဆောင်
မွေးနေ့ပွဲကို သွားနေသည် ။
Taehyung ကတော့ ကားမောင်း
ကာ Jung kook ကတော့
Taehyung ဘေးတွင်ထိုင်
နေသည် ။ Yoongi ကတော့
ကားနောက်ခန်းတွင် လိုက်
ပါလာသည် ။

" Dinner ပွဲမှာ ဟိုဘက်
ကကောင်တွေ ရန်စခဲ့ရင်
အတိုင်းအတာ တစ်ခုပဲ
သည်းခံ ငါ့မျက်နှာထောက်ပြီး
အရမ်းသည်းခံမနေနဲ့ လုပ်ချင်
လုပ်လိုက် ဖြစ်လာတာ ငါရှင်းမယ် "

" ဟုတ်ကဲ့ Hyung ..."

နှစ်ယောက်လုံး ပြိုင်တူ
ဖြေလိုက်တော့သည်
Black Diamond နဲ့ Agust D
နှစ်ဖွဲ့သည် မလွှဲသာလို့သာ
ဆက်ဆံနေရသည့် ဆက်ဆံရေး
ပုံစံဖြစ်သည် ။ Yoongi သည်
Black Diamond အဖွဲ့မှနုတ်ထွက်
သောအခါ ခေါင်းဆောင်
Lee Byung Han သည်
သိပ်မကျေနပ် ။ အခုဆို
Yoongi က သူတို့လောကမှာ
နာမည်ရလာတဲ့ဖြစ်လာပြီ
ဆိုတော့လည်း ပိုကာ
မျက်မုန်းကျိုးနေသည် ။
တစ်ယောက်နဲ့တစ်ယောက်
မုန်းနေကျပေမယ့်လည်း
ထုတ်တော့မပြောကျ ။

Lee byung Han ကလည်း
အကွက်တွေ့ရင် တွေ့သလို
ပညာပါးပါးပေးတတ်သည်
ဖြစ်တာကြောင့် အခုလည်း
Dinner ပွဲမှာ တစ်ခုခုဖြစ်ခဲ့ရင်
အားနာမလိုပဲ လုပ်သင့်တာလုပ်
ရန် မှာထားခြင်းဖြစ်သည် ။ 

Hotel ကိုရောက်လာသောအခါ
အရှေ့တွင်ကားရပ်လိုက်ပြီး
၃ ယောက်လုံးကားပေါ်မှ
ဆင်းလာတော့သည် ။
Yoongi အနက်ရောင်
Suit အပြည့်ဝတ်ဆင်ထား
သည် ။ Jung Kook ကတော့
နက်ပြာရောင် Suitဖြစ်ပြီး
Taehyung ကတော့ အနက်ရောင်
T shirt နှင့် style pan အနက်
တို့ဝတ်ဆင်ကာ ကြက်သွေးရောင်
coatကို ထပ်ဝတ်ထားသည် ။

၃ ယောက်လုံးအတူတူ hotel
ထဲသို့လျှောက်လှမ်းကာ ဝင်လာ
သောအခါ လာတည်းတဲ့ ဧည့်သည်
အချို့နှင့် Hotel ဝန်ထမ်းတို့သည်
ထို ၃ယောက်ကို မကြည့်ပဲမနေနိုင်
သည်အထိ အားလုံးရဲ့အကြည့်တွေ
ကိုဖမ်းစားနိုင်သည် ။ လူသုံးယောက်
ဆိုတာထက် နတ်ဘုရားသုံးပါးသည်
လူတွေရဲ့ အဖူးအမျှော်ခံဖို့ လူ့ပြည်
သို့ခဏတာ ဆင်းသက်ချင်းနှင့်
တူပေသည် ။

ထိုစဉ် Yoongi တို့အနားကို
Hotel က ဧည့်ကြိုမိန်းကလေး
ရောက်လာကာ

My Lovely DemonWhere stories live. Discover now