Episode 31(Final)

3.7K 296 68
                                    

Zawgyi

" သူတို့ဆီကို ငါ ၊ Taehyung ၊
Jungkook နဲ့ နောက်ထပ် လူ
5ယောက်လောက်ပဲ သူတို့ပိုင်နက်
ထဲဝင်မယ် ကျန်တဲ့သူ 5 ယောက်က
ခြံရဲ့ လေးဖက်လေးလံကို sniper
နဲ့ဝိုင်းထား ငါအချက်ပြတာနဲ့ပစ် "

Yoongi က တခြားအဖွဲ့တွေလို
လူမိုက်တွေအများကြီးမွေးထားပေမယ့်
လူများပြီးပွဲမစည်တာကိုမကြိုက်ပါ ။
ဒါကြောင့် အဲဒီလူမိုက်တွေထဲမှ
တကယ့်ခေါင်လက်ရွေးစဉ်တွေပဲ
ရွေးခေါ်လိုက်တော့သည် ။ Yoongi
က သူ့လက်အောက်က လူမိုက်တွေကို
လည်း ချရဲသေရဲရင်ပြီးရောဆိုပြီး
ဖြစ်သလိုမလုပ်ပါ ။ စိတ်ဓာတ်ပိုင်းရော
ကိုယ်ခံပညာပိုင်းပါ သေချာ Train
ပေးသည် ။ ဒီလိုမျိုး ခေါင်းဆောင်ပီသ
တာကြောင့်လည်း ဘယ်လက်အောက်ငယ်
သားမှ လုံးဝမတွန်းလှန်ရဲ ။

" လူအကုန်မသုံးဘူးလား
Hyung "

" သူတို့ဆီကို ပေါ်တင်ကြီး
ဝင်မတိုက်ဘူး Jungkook
ပြောက်ကျားနည်းပဲ ချဉ်းကပ်မယ် "

Yoongi နဲ့သူ့အဖွဲ့တွေအစည်းအဝေး
လုပ်နေတာကို Namjoon က
ခမ်းလှန်းလှန်းကနေ ကြည့်နေသည် ။
Yoongi က သူ့လက်အောက်ငယ်
သားတွေကို control လုပ်နိုင်စွမ်းက
ထင်ထားတာထက်မြင့်မားသည် ။
အချိန်တိုတွင်းမှာ ဘယ်အကွက်ဘယ်
လိုရွေ့မယ်ဆိုတာလည်း ကောင်းကောင်း
မြင်သည် ။ Yoongi လိုလူမျိုးသာ
သူ့နဲ့အလုပ်တူတွဲလုပ်တဲ့ Patanar ဖြစ်
ရင်သိပ်ကောင်းမှာပဲလို့လဲ တွေးမိတာ
အမှန်ပင် ။ Taehyung နဲ့ Jungkook
လည်း အပြစ်ပြောစရာမရှိအောင်တော်ပေ
မယ့် Yoongi ကဖြတ်သန်းခဲ့ရတဲ့
အတွေ့အကြုံပိုပြီးများတာမို့ အရေးကြီးတဲ့
ကိစ္စဆုံးဖြတ်တဲ့နေရာမှာ ပိုဆရာကျသည် ။
ခေါင်းဆောင်ကောင်းတစ်ယောက်လို
နေထိုင်တော့လည်း လက်အောက်ငယ်သား
တွေရဲ့ ယုံကြည်မှုရရှိနေတာဖြစ်သည် ။

" ငါမှာချင်တာ ဒါပဲ
အကုန်လုံး ကိုယ့်နေရာကိုယ်ပြန်
လိုအပ်တာတွေယူ နောက်တစ်နာရီ
ဒီမှာ ပြန်ဆုံမယ် "

" ဟုတ်ကဲ့ Gi..."

အကုန်လုံးလိုအပ်တဲ့ပစ္စည်းတွေ
ယူရန်ပြန်သွားကျတော့ Yoongi
နဲ့ Namjoon ပဲကျန်တော့သည် ။

" အောင်မြင်ပါစေ Gi "

" မင်းမဆုတောင်းလည်း
အောင်မြင်မှာပါ မင်းသာ
မင်းညီမကိုရအောင်ခေါ်ထုတ်သွား "

My Lovely DemonWhere stories live. Discover now