Part (1)

6.4K 120 0
                                    

မိုးသား တိမ်ရိပ်

🌸pann

Part (1)

မိုးတွေ အရမ်းရွာချလာတော့ အနီးနားက ကုန်တိုက်ပေါ် အမြန်ပြေးတက်ရသည်..။

ချိန်းထားတဲ့ကောင်တွေကလည်း တစ်ကောင်မှ မပေါ်လာသေးတော့ ကိုယ်ပဲ ဒီမှာ တစ်ကိုယ်ထဲ စောင့်နေရဦးမည်..

ပြောတော့ ဒီကောင့်ကို တွေ့ချင်ပါလွန်းတယ် ဆိုတဲ့နွားတွေ တစ်ကောင်မှ ပေါ်မလာသေးတော့ စိတ်က တိုရပြီ ။

လာပါစေဦး လာမှ ပြေးပြေးကန်ပစ်ဦးမယ်..။

တစ်ယောက် ထဲ ကုန်တိုက်ထဲ ပတ်နေရင်း လမ်းထောင့်တစ်ခုမှာ တစ်ယောက်နဲ့ တိုက်ခံရပြီ..

လူက နဂိုကမှ စိတ်မကြည်တာမို့ ဒေါသက ဆောင့်ထွက်လာတာနဲ့ လှည့်အော်မို့ ရှိသေး

" ကျွန်တော် တောင်းပန်ပါတယ် ဖုန်းပြောရင်း မမြင်လိုက်လို့ပါဗျ.."

ဖုန်းတစ်ဖက်ကကိုင်ထားရင်း လူကိုမကြည့်ဘဲ ငုံ့နေတာ ခေါင်းပြန်မော့လာတော့ နှစ်ယောက်လုံး ကိုယ်စီ အံ့သြရသည်..

ပါးစပ်ကတော့ အသံတိုးလျစွာဖြင့် ' သားသား ' လို့တော့ ခေါ်မိသား ။

သူကလည်း နှုတ်ခမ်းဖျားကနေ ' နေလင်း ' လို့ ပြောနေတာ မြင်တွေ့နေရသည်..။

နှစ်ယောက်သား ကြောင်တောင်တောင် နဲ့ တစ်ယောက်ကို တစ်ယောက် ကြည့်နေတာ ဘယ်လောက် ကြာနေမှန်း မသိ..။

ဘေးကနေ သားသားကို လက်တို့ပြီး မိုးသူ လာခေါ်မှ သတိဝင်တော့သည်..

" သားသား.. "

" အော် မိုးသူ.. သားရော "

" ဒယ်မာ.. "

ဝေဟင်က အနားကို ပြေးလာပြီး သားသား ကိုဖက်တော့ သားသား လည်း သားကို ရယ်ပြပြီး မုဆိုးထိုင် ထိုင်ကာ သားကို ဖက်လိုက်သည်..။

" ဒယ်မာ.. ဘာလို့ အဲ့လောက်တောင် ကြာနေတာလဲ "

" ဟိုဘက်မှာ အလုပ်လေးမပြီးသေးလို့.. "

" လာ.. မုန့်စားဖို့ စောင့်နေတာ သွားရအောင် "

ဝေဟင်လေးက သားသား လက်ကို ဆွဲခေါ်နေတာမို့ နေလင်းရောင် ကို တစ်ချက် ပြန်လှည့်ကြည့်ပြီးမှ ဝေဟင် ခေါ်ရာသာ လိုက်ခဲ့ရသည်..။

မိုးသား တိမ်ရိပ် (Unicode)Where stories live. Discover now