Part (19)

868 49 0
                                    

မိုးသား တိမ်ရိပ်

🌸pann

Part (19)

" မင်း ကိုယ့်ကို ကြိုက်နေတာလား.. "

" ရှင် "

မျက်လုံး ပြူ းပြီး ခေါင်းမော့ကြည့်လာသည်..

ပြီးမှ ခပ်တွေတွေလေး ထိုင်နေပြီး

" ဟုတ် "

ကြားလိုက်ရပါတယ်.. ။

သူမရဲ့ ဝန်ခံမှု အသံတိမ်လေးတစ်ခု..

ဟုတ်..တဲ့

တီးတိုးလေး ဝန်ခံပါတယ်.. ။

မျက်လွှာ လေးကလည်း ချသွားပါတယ်..

အဟက်..။

ဒီချိန် ကိုယ့်မျက်လုံးထဲ ဝင်လာတာ သားသား ပုံရိပ်..

မင်းငါ့ကို ကြိုက်နေလားလို့ မေးတော့ ခေါင်းညိမ့်ဝန်ခံ ခဲ့တာ မဟုတ်ဘဲ ပြန်ပြောလိုက်တာက မင်းဘယ်လိုသိလဲ တဲ့..

မျက်လုံး မလွှဲသွားပါ..။

ကိုယ့်မျက်လုံးကို တည့်တည့်ကြည့်ပြီး ပြောလိုက်တာလေ..

ရှေ့မှာ ရှိနေတဲ့ မဒီလို ဟုတ် တစ်ခွန်း ပြောတာမှ မဟုတ်ဘဲ..။

မျက်စံအမဲလေးက လွှဲဖယ်မှုမရှိ အကြည့်မလွှဲ ဘဲ မင်းကို ချစ်တယ် လို့တောင် တိတိကျကျ ပြောခဲ့တာလေ..

ရှေ့က မဒီလို ရှက်ပြနေတဲ့ အမူအရာတစ်ခုမလုပ် အေးဆေးတည်ငြိမ်နေအောင် ထိုင်ပြီး ကိုယ့်ကို အချစ်ဒဿ      န ပေါင်းချူ ပ်ကို ရွတ်ပြခဲ့တာလေ..။

ချစ်တယ် ပြောပြီး အချစ်ကို တောင်မခံပါဘူးတဲ့..
သူ့ချစ်နေရုံ ရတယ်တဲ့လေ..

လောဘမတက်တဲ့ အချစ်လို့ပဲ အဓိပ္ပါယ် ဖွင့်ဆိုရမလား ။

အလို.. ငါအခု သားသား အချစ်ကိုပဲ ထောက်ပြနေမိပါလား

.

သားသား ခြေချင်လျှောက်ပြီး ကားမှတ်တိုင်ဆီ လာလိုက်သည်..

သန့်ဇင်တို့က မင်းကိုမတွေ့ရတာ ကြာပြီ တွေ့ရအောင် လာခဲ့ဆိုလို့ ရောက်လာခဲ့တာ..။

သူ့ကို မြင်ချင်ခဲ့တာလည်း ပါတယ်

အဝေးကနေပဲ မျက်နှာလေးကို ကြည့််နေရလို့ လွမ်းလောဘ တက်ပြီးသူ့မျက်နှာအနီးကပ်လေးကို ကြည့်ချင်မိခဲ့လို့ မငြင်းဘဲ ဒီနေရာ ရောက်လာခဲ့တာပါ ။

မိုးသား တိမ်ရိပ် (Unicode)Where stories live. Discover now