Part (9)

798 47 0
                                    

မိုးသား တိမ်ရိပ်

🌸pann

Part (9)

" သားသား.. မထသေးဘူးလား သားသား "

" အမရေ သားသားက ထတောင်ထလို့ အပြင်မှာ စံပယ်တွေ ခူးနေတယ်.."

" ဟယ် အစောကြီး.."

" ဟုတ်ပါ့ ကျွန်မ မထခင်ကတည်းက ခူးနေတာ..အခုဆို ပြီးလောက်ပြီ "

ဒေါ်ယဉ်လှ ထဘီလေးမပြီး အိမ်ရှေ့ပေါက်ကနေ ဆင်းတော့ သားသား က ပန်းတွေ ခူးထားတဲ့ ခြင်းလေး မလာပြီ..။

" သားသား ဘာလုပ်မလို့လဲ "

" စျေးထဲသွင်းမယ်လေ.."

" ဟမ်.. "

" စံပယ်တွေ သီပြီး စျေးထဲ ရောင်းမလို့ "

" ဟယ် ဘာလို့ရောင်းနေမှာလဲ.. ဒီအတိုင်း ထား ရပါတယ် "

" မရပါဘူး.. ပန်းတွေ ပွင့်ပြီး ဒီအတိုင်း အခြောက်ခံ အညိုးခံ မလို့လား "

" အဲ့လိုတော့ ဘယ်ဟုတ်မလဲ.. ဘုရားလှူ လည်း ရတာပဲ "

" လှူ ပါ မလှူ နဲ့လို့ သားသား တားနေလို့လား.."

" သား ရောင်းစားရအောင် အရမ်း အခြေအနေ ဆိုးနေလို့လား "

" မဆိုးပေမယ့် တစ်ထောင် နှစ်ထောင် ဝင်တာ မကောင်းဘူးလား အမေရာ.. ပြီး သားသားက ပန်းမှမကြိုက်တာ "

" ဟဲ့ မကြိုက်ဘဲ ဘာလို့စိုက်လဲ.."

စံပယ်ရုံကို ဘယ်ကဆွဲလာမှန်း မသိ..ဘယ်က ဘယ်လို ရလာမှန်းမသိ သူပဲ စံပယ်ပင် စိုက်တာ ဒါကို သူက ပန်းမကြိုက်ဘူးတဲ့ ။

" စံပယ်ပန်းအနံ့တော့ ကြိုက်ပါတယ်.. ပန်းကို ကြိုက်တယ် ဒါပေမယ့် ပန်းပန်ရတာ သားသား မှမကြိုက်တာ အဲ့တော့ ပိုလျှံနေတာလေ အမေတို့ ပန်ဖို့လည်း ခွဲထားပေးတယ် ဘုရားလှူ ဖို့လည်း သပ်သပ် ထားထား ပြီးသား.. ဒီတော့ ပိုနေတာ သားသား သွားရောင်းမယ်လေ "

" သားသား တို့ကတော့ မပြောချင်ဘူး.. ကြိုက်သလို လုပ်တော့ "

" သားသား ကောင်းတာ လုပ်နေတာပါ အမေရယ်.. "

သားသား အိမ်ထဲဝင်ပြီး အပ်ချည် ကြိုးနဲ့ ပန်းတွေ သီလိုက်သည်..။

မိုးသား တိမ်ရိပ် (Unicode)Where stories live. Discover now