Part (11)

722 44 0
                                    

မိုးသား တိမ်ရိပ်

🌸pann

Part (11)

သားသား ပိုက်ဆံ လိုက်ကောက်ပြီး ပြန်လာလိုက်သည်..။

" သားသားရေ..သားသား "

သားသား ကို ခေါ်သံ ကြားလို့ လှည့်ကြည့်တော့ သီဟတို့ အဖွဲ့..။

" သီဟ .."

" ကိုသား.. မနက်ဖြန်ည အားလား "

" အားပါတယ် ဘာဖြစ်လို့လဲ "

" အဆောင်ရှေ့ သီချင်းသွားဆိုဖို့ လာအကူညီတောင်းတာ.. "

" အော် ဘာများလဲ လို့ ရတယ် လေ.. ငါ ထွက်ခဲ့မယ် ထုံးစံအတိုင်း ငါ နောက်ကျမယ်နော် "

" ဟုတ်ကဲ့ပါ..မနက်ဖြန် တွေ့မယ် နော် "

" အေး "

ခေါင်းသာ ညိမ့်လိုက်တာ အမေသာ သိရင် ဆူလိုက်မယ့် ဖြစ်ခြင်း..

အိုး.. ဘာဖြစ်လဲ ခိုးထွက်မှာပေါ့ ။

သားသား မနက်ဖြန် အတွဲ အခုကတည်းက အစီအစဉ် ချ နေလိုက်သည်..။

" အမေရေ.. သားသား ပြန်ရောက်ပြီ "

သားသား အိမ်ထဲ ဝင်တော့ အမေက ဧည့်ခန်းကြီးမှာ ဒူးတစ်ဖက်ထောင် ထောင်ထားတဲ့ ဒူးခေါင်းမှာ လက်ကြီး တင်ထားပြီ..။

အယ်.. နတ်တော့ ဝင်ပြီ ထင်တယ်..။

သားသား အခြေအနေကို သုံးသပ်နေလိုက်သည်..

ရှေ့မှာလည်း တစ်သောင်းတန် နှစ်ရွက်ကလည်း ချ ထားလို့

နတ်ကို ပူဇော်ပသ ထားတာနေမယ်..။

" အမေ့..ဒီမှာ သားသား ဒီနေ့ရခဲ့တာ ဒေါ်စိန်က ခြောက်ထောင် အော် ဒေါ်စိန်ကတောင် သားသား ကိုကျေးဇူး တင်နေတာ သူ့သား ကောင်းထက် က သားသား သွင်းပေးထားတဲ့ လက်ဖက်ရည်ဆိုင်မှာ အဆင်ပြေနေတယ်တဲ့ ပိုက်ဆံကလည်း အဆင "

" အာ့တွေ အသာထား.. "

အမေ့ အသံက တည်ငြိမ်လာသည်..။

သားသား တံတွေး မသိမသာ မြို ချလိုက်သည်..

မုန်တိုင်းတော့ ဝင်တော့ဝင်နေတာ.. ဘာမုန်တိုင်းလဲ ဆိုတာ မသိတာ တစ်ခုပဲ

မိုးသား တိမ်ရိပ် (Unicode)Where stories live. Discover now