Part (10)

851 45 0
                                    

မိုးသား တိမ်ရိပ်

🌸pann

Part (10)

" ဒန်..ဒန်...ဒန်...တန်.."

သားသား သံစဉ်လေး ညီးရင်း အဝတ်လဲနေလိုက်သည်..။

" သားသား "

" ဗျာ ဒေါ်လေး "

" ဘာလုပ်နေတာလဲ "

" အဝတ်လဲနေတာလေ.."

" မြင်သားပဲ.. ဘယ်သွားမလို့လဲ "

" ရုပ်ရှင်ကြည့် "

" ဘယ်သူတွေနဲ့လဲ.."

" သူငယ်ချင်း တွေနဲ့လေ "

သားသား ဆံပင်တွေကို ဖြီးလိုက် မှန်ကြည့်လိုက်နဲ့ အလုပ်များနေသည်..။

" ဘယ်ချိန်ပြန်လာမှာလဲ.."

" သိသေးဘူး..ဒါပေမယ့် နောက်တော့ မကျဘူး "

" ပြီးတာပဲ.. "

ဒေါ်လေးက သားသား အခန်းထဲ က ထွက်သွားပြီ..

" ဆံပင်တွေလည်း ရှည်တာ မြန်တာ..နောက်နေ့ သွားညှပ်ရင် ကောင်းမလား "

သားသား နာရီကြည့်မိတော့ ချိန်းထားတဲ့အချိန် နီးနေပြီမို့ ပိုက်ဆံယူကာ အမေတို့ကို ပြောပြီး ကားမှတ်တိုင် ဆီ ပြေးရပြီ..။

ကားပေါ်မှာ လူတွေ ကြပ်လိုက်တာ ချွေးတောင် ပျံချင်လာပြီ..

ဒီနေ့မှပဲ ကားတစ်စီးထဲ ပြေးဆွဲနေလား မသိဘူး..။

သားသား စိတ်ကျဉ်းကြပ်လာတာနဲ့ ပြတင်းပေါက် နား တဖြေးဖြေး တိုးကပ်သွားရသည်..။

ဒီ ကားကျဉ်းကျဉ်းလေးထဲမှာ ပြတင်းပေါက် နား သွားဖို့ရေး တော်တော် ကြိုးစားသွားယူနေရသေးတယ်..

လူက တော်တော် ဇောချွေး ပျံချင်လာသည်..။

ပြတင်းပေါက် နားရောက်မှပဲ လေ လေး နည်းနည်း ရတော့ နေရထိုင်ရ တာ အဆင်ပြေလာ ရသည်..။

စိတ်ထဲမှာတော့ မြန်မြန် ရောက်ပါစေ လို့သာ ကြိတ်ဆုတောင်းနေရသည်..။

သားသား ရောက်တော့ ဟိုကောင်တွေ မရောက်သေး..

အေးလေ.. ကိုယ်ပိုင်ကား ရှိတော့ နီးမှ ရွှတ်ခနဲ ဘွတ်ခနဲ လာနိုင်တာလေ ။

မိုးသား တိမ်ရိပ် (Unicode)Where stories live. Discover now