Part (17)

790 52 0
                                    

မိုးသား တိမ်ရိပ်

🌸pann

Part (17)

ကုတင်ပေါ် လှဲအိပ်လိုက်သည်..။

ထထိုင်ပြန်သည်..။

ထိုင်လို့မရ မတ်တပ်ရပ်မိပြန်သည်..။

မတ်တပ်ရပ်လည်း မရတော့ လမ်းလျှောက်မိပြန်သည်..။

လမ်းလျှောက်နေရင်းနဲ့ ဘေးက စာကြည့်စားပွဲမှာ ဝင်ထိုင်လိုက်မိပြန်သည်..။

ထိုင်လို့ အဆင်မပြေပြန်တော့ ထလမ်းပြန်လျှောက်ပြီး ကုတင်မှာ ပြန်ထိုင်လိုက်ပြန်ပါသည်..။

အဆင်မပြေ..

ဆံပင်တွေ ထဲ လက်ထိုးထည့်ကာ ဆံပင်တွေ မွေ့ရမ်းလိုက်မိပါသည်..

သားသား..သားသား

ခပ်တည်တည် နဲ့ ပြောသွားလိုက်တာ ..

မင်းကို ချစ်တယ် တဲ့..။

အကြည့်လွှဲမဖယ်ဘဲ တည့်တည့်ကြည့်ပြောလိုက်တာ မင်းကိုချစ်တယ် တဲ့ 

လူက ကြောင်အန်းအန်းကြီး ဖြစ်သွားရသည်..

တကယ့်ခံစားချက်နဲ့ ပြောနေပြီးတော့ ဟိုကောင်တွေရောက်တော့ ဘာမှမဖြစ်သလို အေးဆေးပဲ ပြန်ပြောနေလိုက်တာ..။

ဘာကို ဘယ်လို ယုံရမှန်းလည်း မသိ..

ချစ်တယ်.. ချစ်ပေမယ့် အချစ် တောင်းမခံဘူးတဲ့လား

ဘယ်လို ချစ်ခြင်းနိယာမ လဲ..။

သားသား တွက်ချက်ထားတဲ့ အချစ်ပုစ္ဆာက ဘယ်လို သီအိုရီနဲ့လဲ..

နားမလည်နိုင်အောင် ဖြစ်ရသည်..။

ချစ်တယ် ပြောပြီး ပြန်ချစ်ဖို့လည်း ခွင့်မတောင်းဘူးတဲ့..

ဘယ်လို တရားတွေများ လက်ကိုင်ထားလဲ မသိ..။

သားသား ကိုလည်း နားမလည်နိုင်သလို..

သားသား အချစ်တွေကိုလည်း နားလည်ရ ခက်နေသည်..။

ကိုယ်တွေ ခင်ခဲ့ကြတာ..

သူ မိန်းကလေး မှန်း သိပေမယ့် အသားယူ ပြီး သူ့နှလုံးသားကို ခလုတ်တိုက်ခဲ့တာ မဟုတ် ။

မိုးသား တိမ်ရိပ် (Unicode)Where stories live. Discover now