Part (18)

815 47 0
                                    

မိုးသား တိမ်ရိပ်

🌸pann

Part (18)

" မင်းကိုချစ်နေတာ မင်းသိသားနဲ့ အောင်သွယ်လုပ်ပေးတဲ့လား.. အောင်သွယ်တော် မှာလည်း နှလုံးသား နဲ့ကွ "

သားသား နောက်ပြန် ခြေနှစ်လှမ်း ဆုတ်ကာ လှည့်ပြေးထွက်ခဲ့သည်..။

မင်း ရက်စက်တယ် နေလင်း..

မင်း အရမ်း ရက်စက်တယ် ။

ငါ ဘယ်လို စိတ်မျိုးနဲ့ အောင်သွယ်ပေးရမှာလဲ..

မင်း ရည်းစားထားချင်တယ် ဆို ထား..။

မိန်းကလေး ရှုပ်ချင်ရင် ရှုပ်..

ဒါပေမယ့် လာတော့ မကူညီခိုင်းနဲ့..နေလင်း

နှလုံးသားက နဂိုကမှ အနာနဲ့ပါ ။

ဆူးစူးမှာ သိရဲ့သားနဲ့ အခုထိ လွှတ်မချ နိုင်သေးတာ..မင်းသိရဲ့လား

ရက်စက်လိုက်ပါဘိ..။

အသည်းခွဲတဲ့ နေရာမှာ မင်းက professor ကျ လွန်းပါတယ်ကွာ..

အဖြူရောင် ကို အရောင်မဆိုးပါနဲ့လားတဲ့..။

ငါ ရော ကျေနပ်ပျော်ရွှင်နေလို့ ဆိုးတယ် ထင်နေလား..

ငါဒီလောက်နာကျင် နေရတာကို ပျော်လို့ အရောင်ဆိုးနေတယ် ထင်လား..

အရောင်ဆိုးဆေး သုံးနေတဲ့ ငါကရော ဘေးဥပါဒ် မဖြစ်ဘူးတဲ့လား..။

မင်းကွာ..

ငါ့ကို သနားပေးဖို့ မလိုဘူး..

ငါ့ကို စာနာပေးဖို့ မလိုဘူး

ဒါပေမယ့် ဒဏ်ရာတော့ ထပ်မပေးပါနဲ့..နေလင်း

ငါ့ဒဏ်ရာငါတောင် ထိခိုက်နာကျင် နေရလို့..။

သားသား မျက်ရည် တွေ ကျနေတဲ့အတိုင်းပဲ ထားလိုက်ပါသည်..

မသုတ်ချင်ပါ..။

သားသား အဖြစ်က ဒီမျက်ရည်ကိုပဲ မြတ်နိုးနေသင့်လို့..

.

" အောင်သွယ်တော်မှာလည်း နှလုံးသားနဲ့ကွ.. "

အဲ့ မျက်ရည်..။

ဟုတ်တယ်.. မျက်ရည်

သားသား မျက်ရည် ကျသွားတယ်..။

မိုးသား တိမ်ရိပ် (Unicode)Where stories live. Discover now