Part (20)

1K 54 1
                                    

မိုးသား တိမ်ရိပ်

🌸pann

Part (20)

" မင်းငါ့ကို ချစ်တယ်မလား.. "

" ဖယ်.. လွှတ်စမ်းပါ "

လမ်းမကြီးမှာ အရှက်မရှိ သားသားကို ဆွဲဖက်နေလို့ အတင်းရုန်းနေရသည်

ဘယ်တုန်းက သားသားမှာ ရှက်ကြော ပြန်ကောင်းသွားလဲ မသိပါ..။

အမေ ခဏခဏ ဆွဲလွန်းလို့ ပြတ်ပြီလို့တောင် ထင်ထားတာ..အခုတော့ အဲ့လို မဟုတ်ပါလား..

ပေါက်..ပေါက်

မိုးပေါက်တွေ ကျလာပြီ..။

" လာ..မိုးကျနေပြီ "

" မိုးက "

သားသား ဘာမှမပြောနိုင်..။

သူပဲ ပြောပြီး သားသားလက်ကို ဆွဲပြီး ကားထဲထည့်လိုက်ပြန်သည်..။

" ဘာလုပ်တာလဲ "

" မိုးရွာနေတာလေ.. "

" မင်းပြောမှာလား.. ငါလည်း သိတာပဲ "

" သိရင် ငြိမ်ငြိမ်ထိုင်.. "

" မထိုင်ဘူး.. "

သားသား ကားတံခါးကို လက်ရောက်တော့ နေလင်းက သားသားလက်ကိုဆွဲပြီး တားပြန်သည်..။

" မဆင်းနဲ့.. ငြိမ်ငြိမ်ထိုင်နေ "

" မိုးလေးရွာတုန်း.. "

" မိုးရေထဲ ဆင်းဖို့ မစဉ်းစားနဲ့ "

" ဘာလို့ အမိန့်လာပေးနေတာလား..မင်းက ဘာမို့လို့လဲ "

" မင်း ချစ်သူလေ.. "

" ဘာ "

" မင်း ငါ့ကို ချစ်တယ်မလား.. "

" မင်းမှမချစ်ဘဲ "

နေလင်း သားသား ဘက် သေချာ လှည့်ထိုင်ကြည့်လိုက်သည်..။

အော်.. မိန်းကလေး တို့ သဘာဝ ကိုယ်က သူ့ကိုချစ်နေကြောင်း ဘယ်လောက် အမူအရာနဲ့ ပြပြ နှုတ်က ချစ်တယ် ဆိုတဲ့ ဒဲ့ စကားကိုတော့ သားသား ကြားချင်နေသေးတာပါလား..။

အဟက်..

နေလင်း သဘောကျရယ်မိသည်..

" ဘာလဲ မင်းက..ငါ့ကို လှောင်တာလား "

မိုးသား တိမ်ရိပ် (Unicode)Where stories live. Discover now