Part (8)

815 52 0
                                    

မိုးသား တိမ်ရိပ်

🌸pann

Part (8)

" သားသား.."

" ဗျာ."

" အသံနောက်မှ လူအရင်လာ.."

အမေ့အော်ခေါ်သံကြောင့် ကန်စွန်းရွက်ပဲ ဆက်ခူးရမလိုလို ထပဲပြေးသွားရမလိုလိုနဲ့..။

ဒေါ်လေးက နောက်ဖေးရေကန်နားက ကန်စွန်းရွက်တွေ ခူးခဲ့..နေ့လည်စာ ကြော်စားရအောင် ဆိုပြီး သားသားကို ခိုင်းထားတယ် ။

အခု လုပ်လက်စပဲ လုပ်ရမလို.. အမေ့နားပဲ ပြေးရမလိုနဲ့.

အငယ်ဆုံး တစ်ယောက် ထဲ ရှိတာကို အကြီးနှစ်ယောက်က လိမ့်ပိတ်ခိုင်းနေတာ.. ။

ကိုယ်က သူတို့နှစ်ယောက် ကြားထဲက ပြဲပြီး သေတော့မယ်

" သားသား "

အမေ့ ဆောင့်အော်ခေါ်သံကြောင့် ဘေးအိမ်က သရက်ပင်ပေါ် နားနေတဲ့ ငှက်တောင် ထပြန်ပြေးပြီ..။

သေချာတယ် နိမိတ်ကောင်း မဖြစ်နိုင်..

သားသား ခြင်းလေးထဲ ခူးထားတဲ့ ကန်စွန်းရွက်ကိုပဲ ယူကာ အိမ်ထဲဘက်ပြေးဝင်ရသည်..။

နိမိတ် မကောင်းဘူး ဆိုတိုင်း သားသားက ငှက်လိုတော့ ပြန်ပြေးလို့မှ မရတာ..

ဒီတော့ အထုအထောင်းခံလိုက်ရတော့မှာပေါ့..။

အိမ်နောက်ဖေး အပေါက်ဝ ဝင်ကာဒေါ်လေးကို ကန်စွန်းရွက် ခူးထည့်ထားတဲ့ ခြင်းလေး ဝင်ပေးရသည်..။

" ဒေါ်လေး ဒီမှာရော့.."

သားသား ခြင်းပေးပြီး အမေ့ဆီပြေးဖို့ ရွယ်ပြီးမှ နောက်ရင်းပြန်လှည့်ကာ ဒေါ်လေးကို ဒေါ်ယဉ်လှ ရဲ့ မိုးလေဝသ အခြေအနေ ကို မေးရသည်..။

" ဒေါ်လေး.. အမေက ဘာဖြစ်လို့လဲ "

" ငါလည်း မသိဘူး "

" ဟွန့်..ဒေါ်လေး မေးလိုက်ရင် ဘာမှသိတာမရှိဘူး "

သားသား တိုးတိုးပြောပြီး အမေ့ဆီ အပိုးကျိုးကာ ပြေးကပ်ရသည်..။

အမေ့နား တင်မခွေချိတ်ထိုင်ကာ အဖြီးဆုံး အပြုံးလေး ဖန်တီးထားရသည်..

မိုးသား တိမ်ရိပ် (Unicode)Where stories live. Discover now